Home
မြန်မာသတင်း
၃ နှစ်ကျော်အတွင်း စစ်အုပ်စု သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄၈၇၀ ကျော်ထိ မြင့်တက်
DVB
·
April 9, 2024
AAPP_09042024

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်း စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ် ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၄,၈၇၀ ကျော်ထိ ရှိလာခဲ့ပြီလို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၃၂၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၉၀၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၁၇၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အခုလဧပြီ ၁ ရက်ကနေ ဒီကနေ့အထိ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၇ ယောက်၊ စုစုပေါင်း ၈ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ် အောက် သေဆုံးသူ ၃ ယောက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးသူတွေထဲမှာ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၆ ယောက်နဲ့ အများဆုံး ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ အဆိုပါကာလအတွင်း စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးသွားသူတွေရဲ့ အချက် အလက်တွေကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်ဆီ တိုက်ရိုက်ပေးပို့ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013