ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ယူရေးရှားဒေသ လုံခြုံရေး ဆွေးနွေးပွဲတရပ်ကိုစဖို့ သဘောတူခဲ့ပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလ် လာ့ဗ်ရော့ဗ်က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဆွေးနွေးအပြီးမှာ ယူရေးရှား လုံခြုံရေးကို ဖွဲ့စည်းဖို့ တာဝန်ရှိလာတယ်လို့ ဧပြီ ၈ ရက် ရုပ်မြင်သံကြား သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒီကိစ္စမှာ ကျနော်တို့ရဲ့ စိတ်တူကိုယ်တူ လူတွေ ပါဝင်ဆွေးနွေးဖို့ ကျနော့်ရဲ့ တရုတ်မိတ်ဆွေတွေနဲ့ ကျနော်တို့ သဘောတူခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမယ်လို့လဲည်း လာ့ဗ်ရော့ဗ်က ပြောပါတယ်။
ယူကရိန်းက ရုရှား ထိန်းချုပ်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ရုရှားက တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ IAEA ရဲ့ ရိုးသားတဲ့ အကဲဖြတ်ချက်ကို ရယူပြီး ဒီကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြသွားမယ်လို့ ပြောခဲ့ပါတယ်။
Source/Photo-Reuters