Home
နိုင်ငံတကာ
IS အဖွဲ့ဝင် တာဂျစ်ကစ္စတန် အမျိုးသား ၁ ဦးကို အီတလီရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
April 9, 2024
Italy arrests Tajik man_09042024

အီတလီရဲတပ်ဖွဲ့ဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်မှုတွေနဲ့ IS စစ်သွေးကြွအဖွဲ့ရဲ့ လှုပ်ရှားရေး အဖွဲ့ဝင်အဖြစ် သံသယနဲ့အလိုရှိနေတဲ့ တာဂျစ်ကစ္စတန်မှ အမျိုးသားတဦးကို ဧပြီ ၈ ရက်မှာ ဖမ်းဆီးခဲ့ပြီး ရောမမြို့ ရဲစခန်းကို ခေါ်ဆောင်လာတဲ့ သံသယရှိသူရဲ့ ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ 

နိုင်ငံတကာ ဖမ်းဝရမ်းအရ ပစ်မှတ်ထား တရားခံပြေးအဖြစ် ဖော်ပြထားတဲ့ အဲဒီအမျိုးသားကို နယ်သာလန်နိုင်ငံ အိုင်းဒ်ဟိုဗင်မြို့မှ ဖျူမီချီနို လေဆိပ်မှာ ဆင်းသက်လာပြီးနောက်မှာ ရပ်တန့်ခိုင်းလိုက်တာပါ။ 

သူ့နာမည် အတိုကောက်ကို “S.I.” လို့ပဲ ဖော်ထုတ်ထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သူ့ကို ဘယ်နိုင်ငံကနေ ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတာ မဖော်ပြထားပါဘူး။ 

သံသယရှိသူဟာ ဥဇဘက်ကစ္စတန်၊ ကာဂျစ်စတန်နဲ့ ယူကရိန်းနိုင်ငံတို့မှ အပါအဝင် အထောက်အထား အတုများစွာကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ 

အဲဒီအမျိုးသားဟာ ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဆီးရီးယားရှိ IS အဖွဲ့အတွက် ပြည်ပတိုက်ခိုက်ရေးသမားအဖြစ် စာရင်းသွင်းခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013