တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယမြောက် ပြည်တွင်းဖြစ် သူလျှိုဂြိုဟ်တုကို SpaceX ကုမ္ပဏီရဲ့ Falcon 9 ဒုံးကျည်နဲ့ လွှတ်တင်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ တောင်နဲ့ မြောက်ကိုရီးယား ထောက်လှမ်ရေးဂြိုဟ်တုတွေ အပြိုင်လွှတ်တင်မှုရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် ဂျွန်အက်ဖ်ကနေဒီ အာကာသစင်တာကနေ ဂရင်းနစ်စံတော်ချိန် ဧပြီ ၇ ရက် ည ၁၁ နာရီကျော်မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
လွှတ်တင်ပြီး ၄၅ မိနစ်အကြာမှာ ဂြိုဟ်တုဟာ လွှတ်တင်ယာဉ်ကနေ ခွဲထွက်ပြီး ပတ်လမ်းထဲ ဝင်ရောက်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်ပါတယ်။
ပထမဆုံး သူလျှိုဂြိုဟ်တုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက လွှတ်တင်ခဲ့ပြီး အဲဒီတုန်းက လူမှုကွန်ရက် X နဲ့ YouTube မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားကလည်း နှစ်ကြိမ်တိုင် လွှတ်တင်မှု မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ကိုယ်ပိုင် ချိုလီမာ-၁ လွှတ်တင်ယာဉ်နဲ့ မာလီဂျောင်း-၁ ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယားက ၂၀၂၄ အတွင်းမှာ သူလျှိုဂြိုဟ်တု သုံးလုံးအထိ လွှတ်တင်မယ်လို့ ကြေညာထားပါတယ်။
Source/Photo-Reuters