Home
နိုင်ငံတကာ
ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်က ဟစ်ပီများ စုဝေးရာနေရာကို ရှင်းလင်း
DVB
·
April 7, 2024
Copenhagen hippie_07042024

ဒိန်းမတ်နိုင်ငံရဲ့ မြို့တော် ကိုပင်ဟေဂင်မှာ ကျော်ကြားတဲ့ သမားရိုးကျ လူမှုဓလေ့စရိုက်တွေကို သွေဖည်တဲ့ လူငယ်အုပ်စု ဟစ်ပီတွေစုဝေးရာ ခရစ်ရှံနီယာမှာ နေထိုင်သူတွေဟာ ဧပြီ ၆ ရက်မှာ ဆေးခြောက် ရောင်းဝယ်ဖောက်ကားမှုကြောင့် လူသိများတဲ့သူတို့ရဲ့ အဓိကလမ်းကို ရှင်းလင်းခဲ့ကြပါတယ်။

လူအသေအပျောက်များတဲ့ ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် သူတို့ရဲ့ဧရိယာကို အမာခံ ရာဇ၀တ်ကောင်တွေဆီကနေ လွတ်မြောက်စေရေး မျှော်လင့်ချက်နဲ့ စတင်ရှင်းလင်းခဲ့တာပါ။

၁၉၇၀ ပြည့်နှစ်တွေအတွင်း ဟစ်ပီတွေက သူတို့နေရာအဖြစ် ကြေညာထားတဲ့ စစ်တပ် တန်းလျားဟောင်းမှာ ဆေးခြောက် တရားမဝင်ရောင်းနေတာကို နှစ် ၅၀ ကျော် သည်းခံပြီးတဲ့နောက် အာဏာပိုင်တွေနဲ့ နေထိုင်သူတွေ ပူးပေါင်းပြီး 'Pusher Street' လို့ ဒေသခံတွေက သိထားတဲ့ လမ်းကိုရှင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ဖရီးတောင်း ခရစ်ရှံနီယာ ရပ်ကွက်ဟာ ၁ နှစ်ကို ခရီးသွား ၁ သန်းခွဲကျော် လာလည်တဲ့ အဓိက ခရီးသွားနေရာတခုအဖြစ် ဖွံ့ဖြိုးလာပေမယ့် ဒေသတဝိုက်မှာ အုပ်စုဖွဲ့လှုပ်ရှားတာတွေ တိုးလာလို့ ဒေသခံတွေနဲ့ အာဏာပိုင်တွေက စိုးရိမ်ခဲ့ပါတယ်။

မကြာသေးမီ နှစ်တွေအတွင်း ရဲတပ်ဖွဲ့က ဆေးခြောက်ဆိုင်တွေကို အချိန်အခါအလိုက် ဖယ်ရှားခဲ့ပေမယ့် မကြာခင် ပြန်တည်ဆောက်ခဲ့ကြတာပါ။

ခုတော့ ရဲတပ်ဖွဲ့က တဲတွေကို အစောပိုင်းမှာ ဖြိုဖျက်ပြီးတဲ့နောက် ထင်ရှားကျော်ကြားတဲ့လမ်းမှ လက်ဆောင်အဖြစ် လမ်းခင်းကျောက်တုံးတွေကို တောင်းယူဖို့ ဒေသခံတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ကိုပင်ဟေဂင် အာဏာပိုင်တွေက ဟစ်ပီတွေရဲ့မြို့ကို အသိအမှတ်မပြုပေမယ့် ဒီရပ်ကွက်မှာ နေသူတွေဟာ ကိုယ်ပိုင်ကြေညာထားတဲ့ စည်းမျဉ်းတွေနဲ့ အညီ နေထိုင်ကြပါတယ်။

Source/Photo-Ritzau Scanpix/Ida Marie Odgaard via REUTERS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013