လာမယ့် ဧပြီ ၈ ရက်မှာ နေအပြည့်ကြတ်တာကို မြောက်အမေရိကတိုက်က လူသန်းနဲ့ချီပြီး မြင်တွေ့ခွင့်ရမှာဖြစ်ပြီး မက္ကဆီကို၊ အမေရိကန်၊ ကနေဒါနိုင်ငံတလျှောက် တွေ့မြင်ရမယ်လို့ ဆိုပါတယ်။
နာဆာရဲ့ ထုတ်ပြန်ချက်အရ နေကြတ်တာဟာ တောင်ပစိဖိတ်မှာ စတင်ဖြစ်ပေါ်မှာဖြစ်ပြီး လမ်းကြောင်းက မက္ကဆီကိုနိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းကို နံနက် ၁၁ နာရီ ၇ မိနစ်မှာ ရောက်ရှိမှာဖြစ်ပြီး အဲဒီနောက် အမေရိကန်၊ တက္ကဆက်ပြည်နယ်တွင်းမှာ မြင်ရမှာဖြစ်ပါတယ်။
လမ်းကြောင်းအတည့်ကျတဲ့ ပြည်နယ်တွေမှာ နေအပြည့်ကြတ်တာမြင်ရမှာ ဖြစ်ပြီး အမေရိကန်နိုင်ငံ ကုန်းမကြီးမှာ တည်ရှိတဲ့ ၄၈ ပြည်နယ်စလုံးမှာ အနည်းဆုံး နေတပိုင်းကြတ်တာ မြင်ရမှာ ဖြစ်ပါတယ်။
နေအပြည့်ကြတ်တာကို ၁၈ လ ကြာတိုင်းမှာ ကမ္ဘာ့တနေရာရာက မြင်ရတယ်ဆိုပေမဲ့ ကမ္ဘာ့နေရာ အများအပြားက ရေပြင်ကြီးဖြစ်တဲ့အတွက် အခု တကြိမ် ၄ မိနစ်ခွဲလောက် မြင်တွေ့ခွင့်ရမှာက ထူးခြားဖြစ်စဉ် ဖြစ်တယ်လို့ နာဆာ PUNCH အဖွဲ့ ခွဲမှ သိပ္ပံပညာရှင် ဒေါက်တာ နီကိုလင်း ဗီယဲလ် က ပြောပါတယ်။
အဲဒီနောက် ကနေဒါနိုင်ငံထဲက လမ်းကြောင်းတလျှောက် မြင်ရမှာဖြစ်ပြီး မြောက်အမေရိကတိုက်မှာ မြင်တွေ့ရတဲ့ လမ်းကြောင်းဟာ ကနေဒါနိုင်ငံ၊ နယူးဖောင်လန်ရဲ့ အတ္တလန္တိတ် ကမ်းရိုးတန်းမှာ ညနေ ၅ နာရီ ၁၆ မိနစ်လောက်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
Source/Photo-Reuters