ကနေဒါလက်ရွေးစင်အသင်းဟာ ချဲလ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်ကို ခေါ်ယူခန့်အပ်ဖို့ စိတ်ဝင်စားနေပါတယ်။
ကနေဒါအသင်းဟာလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနိုင်ငံတွေနဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး နည်းပြသစ် ခန့်အပ်ဖို့ ရှာဖွေနေတာပါ။
ကနေဒါအသင်းဟာ နည်းပြချုပ် ဂျွန်ဟက်ဒ်မန်းထွက်ခွါသွားပြီးနောက်ပိုင်း ယာယီနည်းပြ မော်ရိုဘီယယ်လိုကို ခန့်အပ်ခဲ့ပြီး အမြဲတမ်းနည်းပြချုပ်ခန့်အပ်ဖို့ စီစဉ်နေတာပါ။
တယ်လီဂရပ်ဖ်သတင်းစာရဲ့အဆိုအရ ကနေဒါအသင်းဟာ ချဲလ်ဆီးနဲ့ အဲဗာတန်နည်းပြဟောင်း လမ်းပတ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ဖော်ပြပါတယ်။
အသက် ၄၅ နှစ်ရှိ ချဲလ်ဆီးဂန္ထဝင်ကစားသမားဟောင်းဟာ မနှစ်က ချဲလ်ဆီးယာယီနည်းပြအဖြစ် တကျော့ပြန် တာဝန်ယူခဲ့ပြီးနောက် လက်ရှိအချိန်အထိ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
Photo-REUTERS/Chris Radburn