Home
အားကစား
အာဆင်နယ်အသင်း မနှစ်ကထက် ခြေစွမ်းနှင့် အတွေ့အကြုံ ပိုကောင်းလာဟု ဆာကာ ပြော
DVB
·
April 7, 2024
Arsenal_07042024

အာဆင်နယ်အသင်းဟာ မနှစ်ကရာသီကထက် ခြေစွမ်းနဲ့ အတွေ့အကြုံ ပိုကောင်းလာပြီ ဖြစ်တယ်လို့ တောင်ပံတိုက်စစ်ကစားသမား ဘူကာရိုဆာကာက ပြောသွားပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဘရိုက်တန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဆာကာက ပင်နယ်တီကနေတဆင့် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အာဆင်နယ်ဟာ မနှစ်က အတွေ့အကြုံတွေကို သင်ခန်းစာယူနိုင်ခဲ့ပြီး အခုနှစ်ရာသီမှာ အရင်ကထက် ခြေစွမ်းနဲ့ အတွေ့အကြုံတွေ  ပိုကောင်းလာတယ်လို့ ဆာကာက ပြောပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်ဖို့ ကြိုးပမ်းကစားခဲ့ပြီး အသင်းရဲ့ အခြေအနေက အရင်ကထက်ပိုပြီး သက်သောင့်သက်သာ ဖြစ်လာတယ်လို့ ဆာကာက ပြောသွားပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013