Home
နိုင်ငံတကာ
ကာကွယ်ရေးအသုံးစရိတ်ကို ၁၂ နှစ်စီမံကိန်းဖြင့် တိုးသုံးမည်ဟု နော်ဝေအစိုးရ ထုတ်ပြန်
DVB
·
April 6, 2024
Nor world 642024

ရုရှားရန်နဲ့ တခြားစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကာကွယ်ရေးအသုံးစရိတ်ကို ၁၂ နှစ် စီမံကိန်းနဲ့ တိုးသုံးသွားမှာဖြစ်ပြီး ၂၀၃၆ ကျရင် တစ်နှစ်ကာကွယ်ရေး ဘတ်ဂျက်ဟာ ဒီနေ့ခေတ်တန်ဖိုးနဲ့ တွက်ရင် နှစ်ဆ ရှိလာမယ်လို့ နော်ဝေအစိုးရက ထုတ်ပြန်ပါတယ်။ 

၁၂ နှစ်အတွင်း နော်ဝေခရိုနာ စုစုပေါင်း ဘီလီယံ ၆၀၀  (အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံ) အထိ ပိုသုံးမှာဖြစ်တဲ့အတွက် စုစုပေါင်း ကာကွယ်ရေး အသုံးစရိတ်ဟာ ၁ ဒသမ ၆၂ ထရီလီယီ ခရိုနာအထိ ရှိလာမယ်လို့ ဝန်ကြီးချုပ် ယိုနပ်စ် ဂါး စတိုရေးက  ပြောပါတယ်။ 

ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် နော်ဝေမှာ စစ်ရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး သဘောထားပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ 

နောဒစ်နိုင်ငံ တခုဖြစ်တဲ့ နော်ဝေဟာ ရုရှားနဲ့ အာတိတ်ဒေသမှာ နယ်စပ်ထိစပ်မှုရှိပေမဲ့ သမိုင်းမှာ တစ်ခါမှ ရုရှားနဲ့ စစ်မဖြစ်ခဲ့ပါဘူး။ 

ကမ္ဘာမှာ  အချုပ်အခြာအာဏာပိုင် ဓနဥစ္စာရန်ပုံငွေ အများဆုံးရှိတဲ့ နော်ဝေအတွက် ရည်ရွယ် ထားတဲ့အတိုင်း စစ်ရေးအသုံးစရိတ် တိုးသုံးဖို့ရာမှာ ပညာရေးနဲ့ ကျန်းမာရေးစရိတ်တွေ လျှော့ပစ်စရာ မလိုဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။   

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024