Home
နိုင်ငံတကာ
ဂါဇာမြောက်ပိုင်းကိုဝင်ရောက်နိုင်သည့် အီရတ်ဇ်ဂိတ်ကို အစ္စရေး ပြန်ဖွင့်
DVB
·
April 6, 2024

အစ္စရေးဟာ ဂါဇာမြောက်ပိုင်းကို ဝင်ရောက်ဖို့ အီရတ်ဇ်ဂိတ်ကို ပြန်ဖွင့်ပေးခြင်းနဲ့ အစ္စရေး တောင်ပိုင်းရှိ အက်ရှ်ဒေါ့ဒ် ဆိပ်ကမ်းကို ယာယီအသုံးပြုခွင့်တွေကို ခွင့်ပြုပေးလိုက်ကြောင်း အတည်ပြုခဲ့ပြီး ဒါဟာ ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာ အကူအညီတွေကို ပိုတိုးမြှင့်ပေးဖို့ ဧပြီ ၄ ရက် ညပိုင်းက အမေရိကန်က တောင်းဆိုအပြီးမှာ ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

ကြာသပတေးနေ့နှောင်းပိုင်း လုံခြုံရေးဝန်ကြီးအဖွဲ့အစည်းအဝေးမှာ ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ရေးကို ချက်ခြင်းလုပ်ဆောင်ဖို့ အတည်ပြုခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဖုန်းပြောဆိုချိန်အတွင်း ဂါဇာမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လျှော့ချဖို့ တိကျ ခိုင်မာတဲ့ လုပ်ငန်းအဆင့်တွေ လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုခဲ့ပြီး အစ္စရေးမှ မတုံ့ပြန်ဘူးဆိုရင် အမေရိကန် အကူအညီတွေကို အခြေအနေ တမျိုးသတ်မှတ်ရလိမ့်မယ်လို့ ပြောခဲ့တာပါ။

စစ်ပွဲမစခင်မှာ အစ္စရေးမှ ဂါဇာမြောက်ပိုင်းကို အဓိကဖြတ်ကျော်တဲ့ အီရတ်ဇ် Erez ဖြတ်ကျော် ဂိတ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ အပြောင်းအလဲကို ကိုယ်စားပြု နေတာ ဖြစ်ပြီး အရင်တုန်းကတော့ အစ္စရေး တာဝန်ရှိသူတွေဟာ ဂါဇာကမ်းမြောင်ဒေသကို ဝင်ခွင့် လမ်းကြောင်းတွေ ထပ်မံဖွင့်လှစ်ဖို့ တောင်းဆိုမှုတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။  

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024