Home
နိုင်ငံတကာ
တရုတ် EV ကားများကို ရင်ဆိုင်နေရသည့် Tesla က တန်ဖိုးနည်းကားအစီအစဉ် ဖျက်သိမ်း
DVB
·
April 6, 2024

တရုတ်လျှပ်စစ်ကားတွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်နေရတဲ့ Tesla ကားကုမ္ပဏီဟာ တန်ဖိုးနည်းကား ထုတ်လုပ်ဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ အတွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။ 

သူ့ဘာသူမောင်းနှင်တဲ့ စက်ရုပ်တက္ကဆီ ဝန်ဆောင်မှုကိုတော့ ရှိရင်း လျှပ်စစ်ကားတွေမှာ အခြေခံ ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ 

လူထုအတွက် အဖိုးနှုန်းချိုသာတဲ့ လျှပ်စစ်ကားတွေ ထုတ်မယ်လို့ တည်ထောင်သူ အီလွန်မတ်စ်ခ်က ကြွေးကြော်ခဲ့ဖူးပါတယ်။

၂၀၀၆ တုန်းက ဇိမ်ခံမိုဒယ်တွေ အရင်ထုတ်ပြီး အကျိုးအမြတ်တွေရလာမှ အဲဒါတွေကို အသုံးချပြီး တန်ဖိုးနည်းကားတွေထုတ်မယ်လို့ ထုတ်ပြန်ခဲ့တာပါ။ 

ဇန်နဝါရီလတုန်းကတောင် တက်စ်လာ စက်ရုံမှာ ၂၀၂၅ ဒုတိယနှစ်ဝက်ကျရင် တန်ဖိုးသင့်ကားတွေ စထုတ်မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေကို မတ်စ်ခ်က ပြောခဲ့ဖူးပါတယ်။

လက်ရှိတက်စ်လာရဲ့ စျေးအသက်သာဆုံး Model 3 ဆီဒင်ကားဟာ အမေရိကန်မှာ ဒေါ်လာ ၃၉,၀၀၀ နဲ့ ရောင်းချနေတာဖြစ်ပါတယ်။  

ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ရာမှာ တက်စ်လာဘက်က အကြောင်း မပြန်ပါဘူး။ 

မတ်စ်ခ်ကတော့ “ရိုက်တာက လိမ်ပြန်ပြီ”လို့ သူဝယ်ထားတဲ့ လူမှုကွန်ရက် X  မှာ ရေးသား တုံ့ပြန်ပါတယ်။ 

ဒါပေမဲ့ ဘယ်နေရာမှာ မတိမကျ ဖြစ်နေတာလဲ၊ လွဲနေတာလည်းဆိုတာ မဖြေရှင်းပါဘူး။

ရိုက်တာသတင်းထွက်လာအပြီးမှာ  တက်စလာရှယ်ယာစျေး  ၆ ရာခိုင်နှုန်းလောက်ကျသွားပေမဲ့ မတ်စ်ခ်ရဲ့  တုံ့ပြန်ချက် ထွက်လာအပြီးမှာ ၃ ဒသမ ၆ ရာခိုင်နှုန်းပဲ ကျပါတော့တယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024