Home
မြန်မာသတင်း
ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းများကို PDF ဗုံးသီးချ တိုက်ခိုက်
DVB
·
April 5, 2024
pdf 542024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က စစ်ကောင်စီ အထိုင်စခန်းတွေကို ဧပြီ ၃ ရက် ညနေ ၄ နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းယာဉ်အသုံးပြု ဗုံးသီးချတိုက်ခိုက်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီအထိုင်စခန်းတွေဟာ ရဲစခန်း၊ CB ဘဏ်၊ ဗန္ဓုလခန်းမ စတဲ့ စစ်ကောင်စီ အထိုင်ချနေတဲ့နေရာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

Chindwin Brothers အဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ မောင်းသူမဲ့လေယာဉ်ပုံစံငယ် ဒရုန်းနဲ့ ဗုံးသီးလေးလုံး ချခဲ့တယ်ဗျ။ ဘာကြောင့် အခုလို တိုက်ခိုက်ရတာလဲဆိုတော့ စစ်အာဏာရှင်ကို မကြိုက်လို့ တိုက်ခိုက်တာပေါ့။ ကျနော်တို့ဘက်ကတော့ စစ်ကောင်စီအထိုင်စခန်းတွေကို အခါအခွင့်ရရင် ရသလို တိုက်ခိုက်မှု လုပ်သွားမယ်ဗျ။ ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီ အထိုင်စခန်းတွေနဲ့ လွတ်ရာနေကြဖို့ရာ အထူးပြောချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ဘုတလင်မြို့ပေါ်က စစ်ကောင်စီအထိုင်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးဘက်က ဒရုန်းအသုံးပြု တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြော‌ပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုတိုက်ခိုက်မှုကို နယ်မြေ ၇ တိုက်နယ်မှူး၊ မုံရွာခရိုင်တပ်ရင်း ၂၇၊ Lion-LPDF၊ တပင်ရွှေထီးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024