နည်းပြ ကလော့ပ်အနေနဲ့ အသင်းကနေ ထွက်ခွါပြီးနောက်ပိုင်းမှာ နည်းပြလောကကို အချိန်တိုအတွင်းမှာပဲ ပြန်လည် တာဝန်ယူလိမ့်မယ်လို့ နောက်ခံလူ ဗန်ဒိုက်ဇ်က ပြောပါတယ်။
ဂျာမန်နည်းပြဟာ ရာသီကုန်ဆုံးချိန်မှာ လီဗာပူးအသင်းကနေ ထွက်ခွါမယ်လို့ တရားဝင် အသိ ပေးထားသူဖြစ်ပါတယ်။
နည်းပြကလော့ပ်ဟာ ဘောလုံးနဲ့ အသက်ရှင်နေထိုင်တဲ့အထိ ဘောလုံးအပေါ် ချစ်မြတ်နိုးမှုကြောင့် နည်းပြလောကထဲကို အချိန်တိုအတွင်းမှာပဲ ပြန်လာလိမ့်မယ်လို့ ဗန်ဒိုက်က ပြောပါတယ်။
လီဗာပူးအသင်းမှာ နည်းပြယာဂန်ကလော့ပ်မရှိဘဲ ကစားရလိမ့်မယ်လို့ တခါမှ မတွေးမိခဲ့ကြောင်းလည်း ဗန်ဒိုက်က ပြောသွားပါတယ်။
ဂျာမန်နည်းပြ ကလော့ပ်အနေနဲ့ ကလပ်အသင်းတွေအပြင်၊ နိုင်ငံအသင်းနည်းပြရာထူးကိုပါ လက်ခံစဉ်စားသွားဖို့ရှိတယ်လို့ သိရပါတယ်။
ဒီမနက်အစောပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လီဗာပူးအသင်းက ရှက်ဖီးလ်ယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေပါတယ်။
Photo-Reuters