မန်ယူအသင်းဟာ ဂန္ထဝင်ကွင်းလယ်လူ ဒါရင်းဖလက်ချာရဲ့ အမြွှာသားနှစ်ဦးကို ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိလာပြီ ဖြစ်တာကြောင့် ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့ကြတာပါ။
ဂျက်ဖလက်ချာနဲ့ တိုင်လာဖလက်ချာတို့နှစ်ဦးစလုံးဟာ မနှစ်က နွေရာသီကမှ မန်စီးတီးအကယ်ဒမီကနေ ပေါင် ၁ ဒသမ ၂၅ တန်ကြေးရှိ စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ကြသူတွေ ပါ။
နှစ်ဦးစလုံးက ကွင်းလယ်ကစားသမားတွေဖြစ်ပြီး နည်းပြတန်ဟတ်ဂ်ရဲ့ ချီးကျူးမှုတွေလည်း ရရှိထားကြပါတယ်။
ဖခင်ဖြစ်သူ ဒါရင်းဖလက်ချာဟာ မန်ယူအသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ယူနေပြီး အဲရစ်တန်ဟတ်ဂ်နဲ့ ရင်းနှီးစွာ လုပ်ကိုင်နေရသူပါ။
ဖလက်ချာရဲ့ အမြွှာသားနှစ်ဦးစလုံးဟာ စကော့တလန် လူငယ်အသင်းတွေမှာ ကစားခဲ့ဖူးပြီး ဂျက်ဖလက်ချာကတော့ အင်္ဂလန်အသင်းကို ကိုယ်စားပြုကစားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
Photo-Reuters