Home
မြန်မာသတင်း
ကျိုက်ထိုတွင် အမျိုသား ၁ ဦးကို ကျပ် ၂ ဘီလီယံနီးပါးတန်ဖိုးရှိ ဘိန်းဖြူများနှင့် ဖမ်းမိ
DVB
·
April 4, 2024
Mayanchaung_04042024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရောင်းချောင်ကျေးရွာအနီးမှာ ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံ တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက် ၁၃၂ တုံးကို သယ်ဆောင်လာတဲ့ အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ဧပြီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးမှာ မတ် ၃၀ ရက် ညနေ ၃ နာရီက ရေနီမှ မော်လမြိုင်ဘက်ကို မောင်းနှင်လာတဲ့ Super Custom ကားကို ရဲတပ်ဖွဲ့တင်တွေက စစ်ဆေးခဲ့ရာ ကျပ်ငွေ ၂ ဘီလီယံနီးပါးတန်တဲ့ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလိုဂရမ်ကို‌ တွေ့ရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက ဘိန်းဖြူတွေသယ်လာတဲ့ ကိုလင်းလင်းဖြိုးအား ကျိုက်ထိုရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ CCDAC မြန်မာက ထုတ်ပြန်ထားပါတယ်။

အဆိုပါဘိန်းဖြူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှ မွန်ပြည်နယ် မော်လမြိုင်ကို သယ်ဆောင်လာတာဖြစ်ပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို အရေးယူနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ ‌မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ အမျိုးသမီးတဦးကို စိတ်ကြွမူးယစ်ဆေးပြား အလုံး ၂၀,၀၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013