Home
နိုင်ငံတကာ
တရုတ်တွင် မိုးသည်းထန် လေပြင်းတိုက်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံး
DVB
·
April 4, 2024
China Weather_04042024

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ်မှာ တနင်္ဂနွေနေ့ကတည်းက လေကြီးမိုးကြီး တိုက်ခတ်ခဲ့ပြီး မိုးသီးမုန်တိုင်းတွေ၊ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှု အပါအဝင် ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတု အခြေအနေကြောင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေဆီက သိရပါတယ်။

ကျန်းရှီးခရိုင် ရေလွှမ်းမိုးမှုထိန်းချုပ်ရေးနဲ့ မိုးခေါင်ရေရှား ကယ်ဆယ်ရေးဌာနချုပ်ရဲ့ အဆိုအရ သဘာဝဘေးအန္တရာယ်ကြောင့် မြို့ကြီးကိုးမြို့မှ လူပေါင်း ၉၃,၀၀၀ လောက်ကို ထိခိုက်ခဲ့ပါတယ်။

စုစုပေါင်း လူ ၅၅၂ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး ၂၆၃ ဦးကို ယာယီအခြေချနေထိုင်ဖို့ စီစဉ်ပေးထားပါတယ်။ သက်ဆိုင်ရာ သဘာဝဘေး အခြေအနေကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ မိုးလေဝသဌာန အာဏာပိုင်တွေဟာ တချို့နေရာတွေမှာ ပြင်းထန်တဲ့ ရာသီဥတု အပြောင်းအလဲအတွက် အပြာရောင်အဆင့် သတိပေးချက်နဲ့ အင်္ဂါနေ့မှာ အသစ်ပြန်ပြုပြင်ခဲ့ပါတယ်။

အပြာရောင်အဆင့်ဟာ နိုင်ငံရဲ့ အရောင်လေးဆင့်နဲ့ အချက်ပေးစနစ်ထဲက အနိမ့်ဆုံး အားအပျော့ဆုံးအဆင့် ဖြစ်ပါတယ်။

အင်္ဂါနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ တရုတ်နိုင်ငံအရှေ့ပိုင်းရှိ အန်းဟွီ၊ ကျန်းစု၊ ရှန်ဟိုင်း၊ ကျန်းရှီးနဲ့ ကျဲ့ကျန်းပြည်နယ်တွေ၊ တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟူပေး၊ ဟူနန် ပြည်နယ်တွေနဲ့ တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးဒေသတို့ရဲ့ နေရာအနှံ့အပြားမှာ အမြင့်ဆုံးလေတိုက်နှုန်း တစက္ကန့်ကို ၁၇ ဒသမ ၂ မှ ၂၈ ဒသမ ၄ မီတာအထိ တိုက်ခတ်မှုနဲ့အတူ မိုးကြိုးမုန်တိုင်းတွေ၊ လေပြင်းတွေနဲ့ မိုးသီးတွေလည်း ကြွေမယ်လို့ ခန့်မှန်းထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013