မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ လက်ကျန်ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ် အဖြစ် ပြစ်ဒဏ်ကျခံဖို့ ကြိုးပမ်းချက်ကို မလေးရှား တရားရုံးချုပ်က ဧပြီ ၄ ရက်မှာ ကြားနာခဲ့ပါတယ်။
နာဂျစ်ရဲ့ရှေ့နေ ရှာဖီး အဗ္ဗဒူလာက တရားသူကြီး အာမာဂျိထ် ဆင်းဂ်နဲ့ တရားရုံးကြားနာပွဲ ရှေ့မှာ လျှောက်လွှာကို တရားစီရင်ရေးအရ ပြန်သုံးသပ်ဖို့ လျှောက်ထားခဲ့ပါတယ်။
လျှောက်ထားရာမှာ နာဂျစ်ဟာ ကျန်ရှိတဲ့ထောင်ဒဏ် ခြောက်နှစ်ကို သူ့အိမ်မှာ ပြစ်ဒဏ်ကျခံစေမယ့် တော်ဝင်အမိန့် စာရွက်စာတမ်းရှိတာ အတည်ပြုရေး အစိုးရက တရားရုံးကို တွန်းအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။
တရားရုံးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေအရ နာဂျစ်ဟာ လွတ်ငြိမ်းချမ်းသာခွင့် ဘုတ်အဖွဲ့ရဲ့ နေအိမ်အကျယ်ချုပ် ကျခံရမယ့် ဆုံးဖြတ်ချက်နဲ့အတူ ဘုရင်ကထုတ်ပြန်တဲ့ ‘ထပ်တိုးအမိန့်’ ထဲက အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း ပြထားတယ်လို့ ပြောထားပါတယ်။
တရားရုံးကြားနာမှုကို ဧပြီ ၁၇ ရက်မှာ ပြန်စဖို့ စီစဉ်ထားပြီး သူ့လျှောက်ထားချက်ကို အတည်ပြုခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင်ပါတယ်။
ဒေါ်လာဘီလီယံနဲ့ချီတဲ့ 1MDB အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အကျင့်ပျက်ခြစားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ နာဂျစ်ရဲ့ ထောင်ဒဏ် ၁၂ နှစ်ကို ဇန်နဝါရီလမှာ နန်းသက်ငါးနှစ် ကုန်ဆုံးခဲ့တဲ့ မလေးရှားဘုရင် အယ်လ်စူလ်တန် အဗ္ဗဒူလာ အာမက်ဒ်ရှားက ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဘုတ်အဖွဲ့က ဖေဖော်ဝါရီလမှာ ထက်ဝက်အထိ လျှော့ချပေးခဲ့ပါတယ်။
Source/Photo-REUTERS/Hasnoor Hussain