Home
နိုင်ငံတကာ
အမေရိကန်နှင့် ဖင်လန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
DVB
·
April 4, 2024
U.S. signed pact with Finland to combat misinformation.

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဧပြီ ၄ ရက်က ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ မဟာမိတ်ဝန်ကြီးတွေရဲ့ တွေ့ဆုံမှုအတွင်း NATO ရဲ့ နောက်ဆုံးအဖွဲ့ဝင် ဖင်လန်နိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီနားလည်မှုစာချွန်လွှာဟာ နိုင်ငံတော်သတင်းအချက်အလက်တွေ ကြိုးကိုင်ခြယ်လှယ်မှုကို တန်ပြန်ဖို့ အရေးကြီးတယ်လို့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီး အယ်လီနာ ဗာလ်တိုနင်က ပြောပါတယ်။

ဘလင်ကန်ကလည်း သတင်းအချက်အလက် ခြယ်လှယ်မှုကို တန်ပြန်ခြင်းရဲ့ အရေးပါမှုကို နှစ်နိုင်ငံစလုံးက မျှဝေနားလည်တာကို ပြန်အတည်ပြုခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှုကို တိုက်ရိုက်တုံ့ပြန်တဲ့အနေနဲ့ ဖင်လန်ဟာ ၂၀၂၃ ခုနှစ် ဧပြီလမှာ NATO အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး NATO အဖွဲ့တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် ဘရပ်ဆဲလ်မြို့မှာ ရှိနေခဲ့ပါတယ်။

အစည်းအဝေးရဲ့ ဒုတိယနေ့ဖြစ်တဲ့ ဧပြီ ၄ ရက်မှာ NATO အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော် နိုင်ငံရေးနဲ့ စစ်ရေးမဟာမိတ်အဖွဲ့ကို ထူထောင်တဲ့အနေနဲ့ ၁၉၄၉ ခုနှစ်၊ ဧပြီ ၄ ရက်က အမေရိကန် မြို့တော် ဝါရှင်တန်မှာ မြောက်အတ္တလန္တိတ် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြပါတယ်။

NATO ဟာ စစ်အေးခေတ် အတွေးအမြင်ဆီ ပြန်သွားနေပြီလို့ ရုရှားက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက NATO ဟာ စစ်အေးခေတ်လွန်ကာလ နိုင်ငံစုံ လွန်ဆွဲပွဲမှာ နေရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

ရုရှားအစိုးရကတော့ အမေရိကန်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013