Home
မြန်မာသတင်း
လွိုင်ကော်ထောင်က နိုင်ကျဉ်း ၁၃ ဦး အပါအဝင် ၃၈ ဦး လွတ်မြောက်
DVB
·
April 4, 2024
pri 442024

ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၃၈ ဦး လွတ်မြောက်လာခဲ့တယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ထံက သိရပါတယ်။

လွိုင်ကော်ထောင်က လွတ်ရက်စေ့ အကျဉ်းသားတွေကို ဧပြီ ၁ ရက် ည ၁၂ နာရီမှာ ထောင်ကတဆင့် လွိုင်ကော်မြို့မရဲစခန်းကို ပို့ဆောင်ပြီး နေရပ်ပြန်စေခဲ့တယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသား အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦးနဲ့ တခြားအမှု ၂၅ ဦးဖြစ်တယ်လို့ သိရပါတယ်။

KPPA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ပြည်နယ်အခြေအနေက နေရပ်ပြန်ဖို့ အဆင်မပြေတဲ့သူတွေ ရှိတယ်။ သူတို့ကိုတော့ လူမှုကူညီရေးအသင်းတွေက ကူညီပေးနေတယ်။ လွိုင်ကော်ထောင်ထဲနဲ့ လွိုင်ကော်အချုပ်မှာတော့ အကျဉ်းသား ၄၀၀ ကျော်လောက် ရှိသေးတယ်လို့ ခန့်မှန်းထားပါတယ်” လို့ ပြောပါတယ်။

လွိုင်ကော်ထောင်ထဲမှာ ဆေးဝါးပြတ်လပ်နေပြီး အကျဉ်းသားတွေ အောက်ပိုင်းချည့်နဲ့ဝေဒနာ ခံစားနေရကာ အကျဉ်းသူတွေ ဝမ်းဗိုက်ဝေဒနာတွေ ခံစားနေရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013