Home
မြန်မာသတင်း
မြန်မာတွင် တနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူ ၁၀၅၀ ကျော်ရှိလာ 
DVB
·
April 4, 2024
mine 442024

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူ သုံးဆနီးပါး တိုးလာပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ  ၁၀၅၂ ဦး ရှိလာပြီလို့  ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ထုတ်ပြန်ပါတယ်။

ဒီအရေအတွက်ဟာ ၂၀၂၂ ခုနှစ်တုန်းက အစီရင်ခံတင်ပြခဲ့တဲ့ အရေအတွက်ထက် သိသိသာသာမြင့်တက်လာကာ  ထိခိုက်ခံစားရသူစုစုပေါင်း ၃၉၀ ဦးရဲ့  နှစ်ဆထက်  ကျော်လွန်သွားပြီး ရာခိုင်နှုန်းအားဖြင့်  ၂၇၀ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။

ဒေသအလိုက်အနေနဲ့ စစ်ကိုင်းတိုင်းမှာ ထိခိုက်ခံစားရသူအရေအတွက် ၃၇၂ ဦးနဲ့ အများဆုံးဖြစ်ပြီး အရေအတွက်စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းရှိခဲ့ကာ ရှမ်းပြည်နယ်မှာ  ၁၂ ရာခိုင်နှုန်းနဲ့ ပဲခူးတိုင်းမှာ ၉  ရာခိုင်နှုန်း အသီးသီးရှိပါသည်။

ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊  တနင်္သာရီနဲ့  ရန်ကုန် အပါအဝင် ကျန်ဒေသတွေမှာတော့  ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်းရဲ့ ၄၃ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ခံစားရသူအရေအတွက်စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းက ကလေးတွေဖြစ်တယ်လို့ UNICEF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ  စစ်တပ်အာဏာသိမ်းပြီးနောက် ခုခံတွန်းလှန်စစ်ပွဲကာလအတွင်း  မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးဒဏ်ရာရ သူတွေပိုများလာပါတယ်။

ဧပြီ ၄ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာ မြှင့်တင်ရေးနေ့ဖြစ်ပါပြီး အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MoHADM) ၊  အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန (MoWYCA) ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC) တို့က မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှရေး ပူးပေါင်းအဖွဲ့ (MCERP)နဲ့ ပူးပေါင်း ကျင်းပပါတယ်။

Photo-UNICEF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013