Home
နိုင်ငံတကာ
ထိုင်ဝမ်ငလျင်ကြောင့် လူ ၉ ဦးသေဆုံး၊ ၅၀ ကျော်ပျောက်ဆုံးနေပြီး ၁,၀၀၀ ကျော် ဒဏ်ရာရ
DVB
·
April 4, 2024
TaiwanEarthquake_04042024

ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက်ကမ်းလွန်မှာ ဧပြီ ၃ ရက် မနက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၂ ရှိတဲ့ ငလျင်ကြောင့် ဟွားလျန်မြို့မှာ လူကိုးဦးထက်မနည်း သေဆုံးပြီး ၅၂ ဦး ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ အတည်ပြုထားပါတယ်။

ဧပြီ ၄ ရက်မနက် နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ လူ ၁,၀၃၈ ဦး ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားမီးသတ်အေဂျင်စီက ပြောပါတယ်။

ထိုင်ဝမ်ကျွန်းမှာ ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးငလျင်ကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေပြီး အလုပ်သမားတွေက ပျက်စီးနေတဲ့ အဆောက်အဦတွေကို စတင်ဖြိုဖျက် ရှင်းလင်းနေပါတယ်။

ကျောက်ဆောင်ကမ်းပါးပေါများပြီး ရှုခင်းသာယာတဲ့ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အာရုံစိုက် လုပ်ဆောင်နေပါတယ်။

အဆောက်အအုံ ဒါဇင်များစွာမှာ အောက်ထပ်တွေပြိုကျခဲ့ပြီး တံတားတွေနဲ့ ဥမင်လိုဏ်ခေါင်းတွေ ပျက်စီးခဲ့သလို လမ်းတွေနဲ့ ကျောက်ဆောင်တွေလည်း မြေပြိုလို့ ပျက်စီးသွားခဲ့ပါတယ်။

တိုင်ချွန်မြို့အစိုးရ မီးသတ်ဗျူရိုကနေ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ကယ်ဆယ်ရေးသမားတွေက အဝေးပြေးလမ်းရဲ့ အစိတ်အပိုင်းတွေကို ပိတ်ဆို့နေတဲ့ ပြိုကျနေတဲ့ ကျောက်တုံးတွေကို ဖယ်ရှားရင်း ကုန်တင်ကားပေါ်က အကူအညီလိုနေတဲ့ သက်လတ်ပိုင်း အမျိုးသားတဦးကို ကယ်နေပုံကို ပြသထားပါတယ်။

အဲဒီနေရာမှာ သတိလစ်နေတဲ့ အသက် ၅၀ အရွယ် အမျိုးသားတဦးကို ဆေးရုံတင်ပို့ ကုသပေးခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013