တိုက်စစ်မှူးဟာလန်းကို အင်္ဂလန်လိဂ်တူးတိုက်စစ်မှူးလို့ ဝေဖန်ခဲ့တဲ့ ရွိုင်ကိန်းကို နည်းပြဂွါဒီယိုလာ က ပြန်လည် တုံ့ပြန်သွားပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟာ အာဆင်နယ်အသင်းနဲ့ ဂိုးမရှိသရေကျတဲ့ ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အင်္ဂလန်အောက်တန်းလိဂ်က တိုက်စစ်မှူးလို အဆင့်အတန်း ဖြစ်ကြောင်း ရွိုင်ကိန်းက ဝေဖန်ခဲ့တာပါ။
အဲဒီဝေဖန်မှုအပေါ် နည်းပြဂွါဒီယိုလာက ဒေါသထွက်ခဲ့ပြီးရွိုင်ကိန်းဟာလည်း အင်္ဂလန်လိဂ်တူးနဲ့ သရီးက နည်းပြတဦးသာ ဖြစ်ကြောင်း ပြန်လည်ဝေဖန်ခဲ့တာပါ။
ဒါ့အပြင် ဟာလန်းက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပြီး ဆုဖလားတွေရရှိအောင် ကူညီပေး နိုင်ခဲ့သူဖြစ်ကြောင်း၊ အာဆင်နယ်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်တာက ဟာလန်းတယောက်တည်းကြောင့် မဟုတ်ဘဲ တိုက်စစ်ကစားသမားအားလုံးမှာ တာဝန်ရှိကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။
ဟာလန်းကို လိဂ်တူအဆင့်က တိုက်စစ်မှူးလို့ ဝေဖန်တာဟာ ဂျာနယ်လစ်တဦးဆီကနေဆိုရင် လက်ခံနိုင်ပေမဲ့ ကစားသမားဟောင်းတဦးဆီက ဝေဖန်တာကတော့ အံ့အားသင့်စရာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။
Photo-Reuters