မန်ယူနိုက်တက်အသင်းမှာ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေ များပြားလာတဲ့အပေါ် စုံစမ်း စစ်ဆေးသွားဖို့လိုတယ်လို့ နည်းပြအဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းနောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗစ်တာလင်ဒီလော့ဖ်တို့နှစ်ဦးဟာ ပြီးခဲ့တဲ့တပတ်ကပဲ ဒဏ်ရာကိုယ်စီ ပြန်ရခဲ့ပြီး တလလောက် အနားယူရတော့မှာပါ။
အလားတူ အားထားရတဲ့နောက်ခံလူ လုခ်ရှောနဲ့ မာလာစီယာတို့ဟာလည်း ဒဏ်ရာပျောက်ကင်းဖို့ ကြန့်ကြာနေတဲ့အပေါ် အသင်းတွင်းမှာ စုံစမ်းစစ်ဆေးဖို့ လိုအပ်သလို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့လိုအပ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းအတွက် သတင်းကောင်းတခုကတော့ နောက်ခံလူမက်ဂွဲယားနဲ့ အီဗန်တို့ ပြန်ကစားနိုင်တော့မှာဖြစ်ပြီး ဗာရန်းပြန်လာနိုင်ဖို့အတွက်တော့ ရက်အနည်းငယ် အချိန်ယူရဦးမယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်မှာ ဒဏ်ရာရရှိမှုအများဆုံးအသင်းက ၁၃ ဦးဒဏ်ရာရှိနေတဲ့ လူတန်တောင်းဖြစ်ပြီး ချဲလ်ဆီးနဲ့ ရှက်ဖီးလ်တို့က ၁၁ ဦးစီ၊ နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့၊ မန်ယူနဲ့ လီဗာပူးအသင်းတွေက အစဉ်လိုက် ရပ်တည်နေပါတယ်။
Photo-Reuters