ဆိုးသွမ်းပရိသတ်တွေကြောင့် ထရတ်ဇွန်စပေါ်အသင်းကို အိမ်ကွင်း ၆ ပွဲ ကွင်းပိတ်ကစားဖို့ တူရကီစူပါလိဂ်က ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ထရတ်ဇွန်စပေါ်အသင်းဟာ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ဖီနာဘာချီအသင်းနဲ့ ပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာ ဆိုးသွမ်းပရိသတ်တွေက ကွင်းထဲပြေးဝင်လာပြီး ပြိုင်ဘက်က ကစားသမားတွေကို တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီအတွက် ထရတ်ဇွန်စပေါ်အသင်းကို ပေါင် ၇၅၀၀၀ ဒဏ်ရိုက်ခဲ့ပြီး အိမ်ကွင်း ၆ ပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့ အမိန့်ချခဲ့တာပါ။
ကွင်းထဲဝင်ပြီးတိုက်ခိုက်ခဲ့တဲ့ ပရိသတ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ဖီနာဘာချီကစားသမား အိုဆာရီဆာမြူရယ်နဲ့ အာဖမ်ကိုတော့ တပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် ပြိုင်ဘက်ကစားသမားကို တိုက်ခိုက်ခဲ့တဲ့ ထရတ်ဇွန်စပေါ်နည်းပြ ကော့ခ်မက်ဇ်ကိုလည်း တပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ ပါတယ်။
တူရကီလိဂ်နေထွက်ခွါဖို့ မဲခွဲဆုံးဖြတ်ခဲ့တဲ့ ဖီနာဘာချီအသင်းကတော့ လိဂ်မှာဆက်ကစားဖို့ မဲအများဆုံးရရှိခဲ့ ပါတယ်။
Photo-Reuters