Home
နိုင်ငံတကာ
မီဇိုရမ်တွင် မိုးသီးကြွေပြီး လူနေအိမ် ၅၀၀ ကျော် ပျက်စီး
DVB
·
April 3, 2024
MEZOYAN1_04032024
MEZOYAN2_04032024
MEZOYAN3_04032024
MEZOYAN4_04032024
MEZOYAN_04032024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ စငါအိုကျေးရွာမှာ မိုးရွာပြီး မိုးသီးကြွေတဲ့အတွက် ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ် ၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။

ဧပြီ ၂ ရက် အိန္ဒိယစံတော်ချိန် နေ့လယ် ၂ နာရီက စတင်ပြီး မိုးသီးတွေ ကြွေကျခဲ့တာ ဖြစ်ပါတယ်။

စငါအိုရွာမှာ လမ်းပိတ်ဆို့တဲ့အထိ မိုးသီးတွေများခဲ့ပြီး စက်ကြီးတွေနဲ့ ပြန်လည်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာစစ်ဘေးရှောင်စခန်းက နေအိမ်တွေ၊ ကျေးရွာထဲက လူနေအိမ်၊ ဘုရားကျောင်း၊ အစိုးရရုံးတွေ အပါအဝင် အဆောက်အအုံ ၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ချင်းစစ်ဘေးရှောင်တဦးက “မိုးသီးက အရမ်းများတယ်၊ မိုးသီးကလည်း ကြက်ဥအရွယ်လောက်ရှိတယ်။ အိမ်ပြတင်းပေါက်တွေ သွပ်အမိုးပြားတွေ လုံးဝပျက်စီးကုန်တယ်။ ပျက်စီးတဲ့အိမ်က ၆၀၀ ကျော်နော်၊ လုံးဝနေလို့မရတဲ့အိမ်က ၁၀၀ လောက်ရှိတယ်။ လူတွေကတော့ ထိခိုက်တာ မရှိပါဘူး” လို့ ပြောပါတယ်။

စငါအိုရွာဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ အနီးဆုံး အိန္ဒိယရွာဖြစ်ပြီး ထန်တလန်မြို့ခံတွေက စငါအိုရွာ စစ်ဘေးရှောင်စခန်းအပြင် ကျေးရွာထဲမှာပါ အိမ်ငှားပြီး နေထိုင်ကြတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013