Home
နိုင်ငံတကာ
တရားမဝင် ရွှေ့ပြောင်းလာသူများကို “တိရစ္ဆာန်တွေ” ဟု ဒေါ်နယ်ထရမ့်ပ် ခေါ်ဝေါ်သုံးနှုန်း
DVB
·
April 3, 2024
Republican presidential candidate and former U.S. President Donald Trump's campaign rally in Grand Rapids

အမေရိကန်ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းတွေဟာ “လူမဟုတ်ဘဲ တိရစ္ဆာန်တွေသာဖြစ်တယ်” လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က မီရှီဂန်ပြည်နယ်မှာ ဧပြီ ၂ ရက် ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

လုံခြုံရေးတွေခြံရံပြီး မိန့်ခွန်းပြောခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်းက အမေရိကန်နိုင်ငံတွင်းမှာ တရားမဝင် ဝင်ရောက်လာသူတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတချို့ အကြောင်း အသေးစိတ်ပြောသွားခဲ့ပြီး သူသာ နိုဝင်ဘာ ၅ ရက်နေ့ သမ္မတရွေးကောက်ပွဲ မနိုင်ရင် အမေရိကမှာ အကြမ်းဖက်မှုတွေနဲ့ ဝရုန်းသုန်းကားဖြစ်မှုတွေ ဝါးမျိုသွားတော့မယ်လို့ ပြောသွားပါတယ်။

အဲဒီနေ့ညနေပိုင်း ဝစ္စကွန်ဆင်ပြည်နယ်၊ ဂရင်းဘေးမှာ မိန့်ခွန်းထပ်ပြောတော့လည်း အလားတူ လေသံနဲ့ပဲ ထပ်ပြောသွားခဲ့ပြီး ၂၀၂၄ ရွေးကောက်ပွဲဟာ “နောက်ဆုံးတိုက်ပွဲ” ဖြစ်တယ်လို့ပါ ပြောသွားပါတယ်။

ဗင်နီဇွဲလားနိုင်ငံကလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတဦးရဲ့ သတ်ဖြတ်မှုကြောင့် သေသွားတဲ့ ဂျော်ဂျီယာပြည်နယ်က သူနာပြုကျောင်းသူ လေကန်ရိုင်လီ အကြောင်း ထည့်ပြောခဲ့ချိန်မှာ ရွှေ့ပြောင်းနေထိုင်သူတချို့ဟာ လူမဟုတ်ကြောင်း ထည့်ပြောသွားခဲ့ပါတယ်။

“ဒီမိုကရက်တွေက ပြောတယ်။ သူတို့ကို တိရစ္ဆာန်တွေလို့ မခေါ်ပါနဲ့၊ သူတို့တွေလည်း လူသားတွေပါတဲ့။ ကျုပ်က ပြန်ပြောလိုက်တယ်၊ သူတို့က လူသားတွေ မဟုတ်ဘူး၊ သူတို့က လူသားတွေ မဟုတ်ဘူး။ တိရစ္ဆာန်တွေ” လို့ ထရမ့်ပ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Rebecca Cook

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013