ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ရွှေဆိုင်တချို့ကို ဧပြီ ၂ ရက်ကစပြီး အရေးယူဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီဗဟိုဘဏ်ဦးဆောင်တဲ့ ရွှေနဲ့ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီက ထုတ်ပြန်ထားပါတယ်။
မောင်ကိန်း၊ နယူးတိုင်စင်၊ ခရမ်းသုံးခွ၊ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသား ရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာရွှေ ရွှေဆိုင်လုပ်ငန်းတို့ကို အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်ရေးအသိမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိတာအပါအဝင် ရွှေရောင်းဝယ်သူတွေလိုက်နာရမယ့်စည်းကမ်းတွေကို မလိုက်နာလို့ အရေးယူတာလို့ ဆိုပါတယ်။
အရေးယူဆောင်ရွက်ရာမှာ အဲ့ဒီရွှေဆိုင်နဲ့ဆက်စပ်လုပ်ငန်းတွေကို ပိတ်သိမ်းတဲ့အထိအ ရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေဈေးသတင်းအမှားထုတ်ပြန်သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် ရွှေနဲ့ ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။