Home
နိုင်ငံတကာ
ပိုလန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ ပြိုလဲပြီး လူ ၅ ဦး သေဆုံး
DVB
·
April 2, 2024
High winds cause five deaths in south Poland

ပိုလန်နိုင်ငံတောင်ပိုင်းမှာ ဧပြီ ၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေ လဲကျခဲ့ရာကနေ လူငါးဦး သေဆုံးခဲ့ပြီး တာ့ထရာတောင်တန်းတွေရဲ့ အမြင့်မားဆုံး အပိုင်းတွေမှာ တနာရီကို ၉၆ မိုင်နှုန်းနဲ့ လေပြင်းတိုက်ခတ်ခဲ့ပါတယ်။

နာမည်ကျော် တာ့ထရာတောင် အပန်းဖြေစခန်းဖြစ်တဲ့ ဇာကိုပါးနာမှာ ဟယ်လ်နီ လေပြင်းကြောင့် စတာ့ခ်ဟွန်းညဲလမ်းမှာ ဖြတ်သွားတဲ့ ကားတစီးပေါ် သစ်ပင်လဲကျခဲ့ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက်ကိုးနှစ်အရွယ် ကလေးငယ်တဦးတို့ သေဆုံးသွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ကွပ်ကဲရေးမှူး ရာဖယ်လ် ဘန်ကာက ပြောပါတယ်။

ဆေးမှူးတွေက အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ အသက်ကို မကယ်ဆယ်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ရက်ဘ်ကာစ် ဒရော့ဂျ် မြို့မှာလည်း သစ်ပင်တပင် ကျိုးကျပြီးနောက် လူကြီးနှစ်ဦးနဲ့ ကလေးတဦး သေဆုံးခဲ့တယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။

မီးသတ်သမားတွေဟာ တနင်္လာနေ့ မနက်ပိုင်းမှာတော့ လမ်းတွေကို ပိတ်ဆို့နေတဲ့ သစ်ပင်တွေကို ဖယ်ရှားကာ အိမ်ခေါင်မိုးတွေ ပျက်စီးနေတဲ့ အိမ်ပိုင်ရှင်တွေကို အကြိမ်ပေါင်း ၁၄၀ လောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ဒေသခံမီဒီယာက ဖော်ပြပါတယ်။ ပုံမှန်မဟုတ်ဘဲ ပူနွေးတဲ့ ရာသီဥတုမှာ လေပြင်းက သုံးရက်ကြာ တိုက်ခတ်ခဲ့တာပါ။

မတ် ၃၀ ရက်က နိုင်ငံတောင်ပိုင်း တာ့နိုမြို့မှာ အပူချိန်က ၂၆ ဒသမ ၄ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာပြီး အဲဒီလအတွက် သမိုင်းဝင် အပူချိန်စံချိန်သစ်ကို ရောက်ရှိခဲ့ကြောင်း PAP သတင်းဌာနက ထုတ်ပြန်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013