Home
နိုင်ငံတကာ
အမေရိကန် သံတမန်များ၌ ဖြစ်ပွားသည့် Havana Syndrome နောက်ကွယ်၌ ရုရှား ပတ်သက်နေဟု စွပ်စွဲ
DVB
·
April 2, 2024
FILE PHOTO: Kremlin spokesman Dmitry Peskov attends Russian-Kyrgyz talks in Bishkek

ကမ္ဘာတဝန်းမှာရှိတဲ့ အမေရိကန်သံတမန်တွေနဲ့ ထောက်လှမ်းရေးတွေမှာ ခံစားခဲ့ရတဲ့ Havana Syndrome ရောဂါလက္ခဏာ ပျံ့နှံ့မှုနောက်ကွယ်မှာ ရုရှားထောက်လှမ်းရေးက ပါဝင်ပတ်သက်နေနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ အခြေအမြစ် မရှိဘူးလို့ ရုရှားဘက်က ငြင်းဆိုလိုက်ပါတယ်။

လတ်ဗီးယားနိုင်ငံမှာ အခြေစိုက်တဲ့ ရုရှားနိုင်ငံအတွင်းရေးတွေကို အဓိကစုံစမ်းရေးသားတဲ့ Insider သတင်းဌာနနဲ့ အမေရိကန်က 60 Minutes ရုပ်သံအစီအစဉ်၊ ဂျာမနီက Der Spiegel သတင်းဌာနတို့ ပူးပေါင်းပြီး စုံစမ်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တာဝန်ရှိသူတွေ Havana Syndrome ရောဂါလက္ခဏာ ခံစားခဲ့ရတယ်ဆိုတဲ့ နေရာတိုင်းမှာ Unit 29155 လို့ ထင်ရှားတဲ့ ရုရှားစစ်ထောက်လှမ်းအဖွဲ့ (GRU) ရဲ့ အဖွဲ့ခွဲတခုက အဖွဲ့ဝင်တွေ ရှိနေခဲ့တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Unit 29155 ရဲ့ ခေါင်းဆောင်တွေဟာလည်း “မသေစေနိုင်တဲ့ အသံနဲ့ဆိုင်တဲ့ လက်နက်တွေ” တီထွင်နိုင်မှုအတွက် ဆုတွေရခဲ့၊ ရာထူးတွေ တိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျူးဘားနိုင်ငံ ဟားဗားနားမြို့တော်မှာရှိတဲ့ အမေရိကန် သံရုံးဝန်ထမ်းတွေ စတင်ခံစားခဲ့ရတဲ့ လက္ခဏာ ဖြစ်တဲ့အတွက် Havana Syndromeလို့ ခေါ်တာဖြစ်ပါတယ်။

လက္ခဏာတွေထဲမှာ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ မှတ်ဉာဏ်ထိခိုက်တာ၊ မေ့မျောသွားတာမျိုးတွေအထိ ပါဝင်ပါတယ်။

ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့ဗ်ကတော့ “ဒါက ဇာတ်လမ်းသစ်ကို မဟုတ်တော့ပါဘူး။ Havana Syndrome ဆိုတဲ့ဟာကို မီဒီယာတွေမှာ ချဲ့ကားရေးကြတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ စကတည်းက ရုရှားဘက်ကို စွပ်စွဲနေတာပါ။ ဒါပေမဲ့ ဘယ်သူမှ ဒီအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး လက်ခံနိုင်လောက်တဲ့ အထောက်အထား ဖော်ပြနိုင်စွမ်း မရှိပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။

Source/Photo-REUTERS/Vladimir Pirogov

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013