Home
မြန်မာသတင်း
မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့် 
DVB
·
April 2, 2024
border 242024

တရုတ်-မြန်မာနယ်စပ်၊ ယူနန်ပြည်နယ်ထဲမှာ တရုတ်စစ်တပ်က ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဧပြီ ၂ ရက် ဒီကနေ့ စတင်လုပ်ဆောင်နေတယ်လို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး South China Morning Post သတင်းမှာ ဖော်ပြပါတယ်။

ခုလို စစ်ရေးပစ်ခတ်လေ့ကျင့်မှုတွေကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ဒယ်ဟုန်တိုင်နဲ့ ဂျင်းဖောဒေသတွေမှာ မနက်ဖြန် ဧပြီ ၃ ရက်အထိ နှစ်ရက်ကြာ ပြုလုပ် သွားမယ်လို့ ကြေညာထားပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း အများပြည်သူတွေ အနေနဲ့ သတ်မှတ်ထားတဲ့ နယ်မြေငါးခုကို ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘဲ ဓာတ်ပုံရိုက်တာ၊ ဒရုန်းနဲ့ပျံသန်းတာမျိုးတွေမလုပ်ဖို့လည်း တားမြစ်ထားတာပါ။

တရုတ်နိုင်ငံတောင်ပိုင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရဲ့  ပြောရေးဆို ခွင့်ရှိသူတဦးဖြစ်တဲ့ ထိအန်ဂျွန်လီက တောင်ပိုင်းစစ်ဒေသအနေနဲ့ အရေးပေါ်အခြေ အနေအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းဖို့ အမြဲအသင့်ရှိပြီး နိုင်ငံအချုပ်အခြာအာဏာ၊ နယ်စပ် ဒေသတည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကြားတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ခုတခါ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာတော့ တပ်ဖွဲ့ဝင်အင်အားနဲ့ လေ့ကျင့်မှုပုံစံ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားထားတာ မတွေ့ရပါဘူး။

အဆိုပါ စစ်ရေးလေ့ကျင့်မှုနဲ့ တပြိုင်တည်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျင်းဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မနေ့က ဧပြီ ၁ ရက်မှာ တွေ့ဆုံပြီး  နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေး၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနဲ့ အွန်လိုင်းလောင်းကစားမှု ပပျောက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။ 

source-scmp

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013