Home
နိုင်ငံတကာ
သမ္မတဟောင်း ထရမ့်ပ် ခံဝန်ငွေ ဒေါ်လာ ၁၇၅ သန်းတင်ပြီး ပိုင်ဆိုင်မှု အသိမ်းခံရမည့်ဘေးမှ ရှောင်လွှဲ
DVB
·
April 2, 2024
Trump posts_02042024

နယူးယောက်က တရားမလိမ်လည်မှုနဲ့ ပတ်သက်ပြီး သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ဟာ ဧပြီ ၁ ရက်က ခံဝန်ငွေ ဒေါ်လာ ၁၇၅ သန်း တင်နိုင်ခဲ့တာကြောင့် သူ့ပိုင်ဆိုင်မှုတွေ အသိမ်းခံရမယ့်ဘေးက ရှောင်လွှဲနိုင်ခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း ထရမ့်ပ်ဟာ ချေးငွေနဲ့ အာမခံတွေ ရယူရာမှာ သူ့ပိုင်ဆိုင်မှုတွေကို လိမ်လည်ပြီး ပိုပြခဲ့မှုအတွက် အပြစ်ရှိတယ်လို့ ဖေဖော်ဝါရီ ၁၆ ရက်မှာ နယူးယောက်တရားရုံးတရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ် ထရမ့်ပ်က အယူခံတက်ထားတဲ့အချိန်မှာ ခံဝန်ငွေအနေနဲ့ ဒေါ်လာ ၄၅၄ သန်း တင်ထားဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။

ခံဝန်ငွေပမာဏ များလွန်းတယ်လို့ ထရမ့်ပ်က တင်ပြခဲ့အပြီးမှာ အယူခံတရားရုံးက ဒေါ်လာ ၁၇၅ သန်းပဲ ခံဝန်တင်ဖို့ လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

မတ် ၂၅ ရက်ကစပြီး ၁၀ ရက်အတွင်း ဒီပမာဏကို မတင်နိုင်ရင်တော့ သူ့ပိုင်ဆိုင်မှုတွေကို နယူးယောက်ရှေ့နေချုပ်က ထိန်းသိမ်းဖို့ စီစဉ်လာနိုင်ပါတယ်။

အသိမ်းခံရနိုင်ခြေရှိတဲ့အထဲမှာ နယူးယောက်က ထရမ့်တာဝါ၊ ဝက်စ်ချက်စတာက ဧက ၃၇၀ ရှိတဲ့ အပန်းဖြေစခန်းနဲ့ ဂေါက်ကွင်း၊ ဖလော်ရီဒါက မာအာလာဂိုခြံကြီးတို့ ပါဝင်ပါတယ်။

အခု ခံဝန်ငွေတင်ထားတဲ့အတွက် လတ်တလော ပြေလည်သွားပေမဲ့ အယူခံမှာ ရှုံးရင်တော့ တရားမနစ်နာမှုအတွက် လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Brendan McDermid

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013