Home
မြန်မာသတင်း
ရှမ်းတောင်ထွက် ကြက်သွန်ဖြူ စျေးကောင်းရနေ
DVB
·
April 2, 2024
shan 242024

ရှမ်းပြည်နယ်တောင်ပိုင်း  အောင်ပန်း၊ ဆီဆိုင်၊ ပင်လောင်း၊ တီကျစ်၊ နောင်တရား၊ ညောင်ရွှေမြို့နယ်တို့ဘက်က ထွက်ရှိတဲ့ ကြက်သွန်ဖြူတွေ အခုနှစ်မှာ စျေးကောင်းရနေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

ရှမ်းတောင်မှာ ကြက်သွန်ဖြူကို မိုးရာသီးနဲ့ နွေရာသီမှာ ရေသွင်းစိုက်ပျိုးကြပြီး တနှစ်မှာ နှစ်ကြိမ်စိုက်ပျိုးကြပါတယ်။

"ခုတော့ စျေးရှိတယ်ပြောရမယ်။ အရင်နှီးလည်းကြီးတယ်လေ။ အရင်နှစ်တွေက နှစ်စဉ်လိုလိုပဲ စျေးမရှိတာ။ အခုနှစ် စျေးရှိတော့ တောင်သူတွေ ပျော်ရတာပေါ့" လို့ ကြက်သွန်ဖြူစိုက်တောင်သူတဦးက ပြောပါတယ်။

ကြက်သွန်ဖြူကို အမျိုးအစားအလိုက် ဆိုဒ်ခွဲပြီး ရောင်းရပြီး ထူးကြက်သွန်ဖြူအမျိုးအစားကို တပိဿာ ၅,၇၀၀ ကျပ်မှ စရှိပြီး အရွယ်အစားအလိုက် ၉,၀၀၀ကျပ်အထိ ရရှိကာ၊ ကြူကုတ်ကြက်သွန်ဖြူအမျိုးအစားမှာ တပိဿာ ၁၀,၇၀၀ ကျပ်၊ ဥတလုံး ကြက်သွန်ဖြူ အမျိုးအစားက အကြီးတပိဿာ ၁၈,၀၀၀ ကျပ်၊ ဥတစ်လုံး အလတ်ဆိုဒ် တပိဿာ ၁၆,၀၀၀ ကျပ်၊ ဥတစ်လုံး အသေးဆုံးဆိုဒ် တပိဿာ ၁၅,၀၀၀ ကျပ် ရရှိတယ်လို့ ဆိုပါတယ်။

ကြက်သွန်ဖြူစိုက် တောင်သူ နောက်တဦးက "ခုရာသီက စနုတ်နေပြီ။ ခြံထွက် ကုန်စိမ်းစျေးနှုန်းတွေက အတက်အကျမြန်တော့ စျေးထပ်မကျဖို့ ဆုတောင်းရတယ်။ ခုရွာအအထိ ပွဲစားတွေ လာဝယ်ကြတယ်" လို့ ပြောပါတယ်။

ရှမ်းတောင်ထွက် ကြက်သွန်ဖြူကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တရုတ် နိုင်ငံနဲ့ မြဝတီဘက်တို့ကို အဓိက တင်ပို့ရောင်းချတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013