ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ လူ ၅ ဦး သေဆုံးမှုဟာ အာဟာရဖြည့်စွက်စာတွေနဲ့ ဆက်နွှယ်နေနိုင်တယ်လို့ ကုမ္ပဏီက ဖော်ပြခဲ့ပြီးတဲ့နောက် ဂျပန်နိုင်ငံအနောက်ပိုင်းက ဒုတိယ ခိုဘာ့ယာ့ရှိ ဆေးဝါးစက်ရုံကို ကျန်းမာရေးအာဏာပိုင်တွေက မတ် ၃၁ ရက်မှာ ရှာဖွေခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒါဟာ ဆေးထုတ်လုပ်တဲ့စက်ရုံမှာ ဘန်းနိခို့ဂျိ အနီရောင်တဆေးပစ္စည်းတွေကို သုံးတာနဲ့ ပတ်သက်လို့ မတ် ၃၀ ရက်က အိုဆာ့ခါ့မြို့မှာ စစ်ဆေးအပြီး ဝါ့ခါ့ယာ့မာ့ စီရင်စုမှာ ဆက်လက် စစ်ဆေးတာလည်း ဖြစ်ပါတယ်။
အိုဆာကာအခြေစိုက် ခိုဘာ့ယာ့ရှိ ကုမ္ပဏီက အိုဆာကာစက်ရုံမှာ ပြီးခဲ့တဲ့ ဧပြီလကနေ အောက်တိုဘာလအတွင်း ထုတ်လုပ်ခဲ့တဲ့ ဘန်းနိခို့ဂျိ ပစ္စည်းတွေမှာ အပြာရောင်မှို ပင်နီဆီလီယမ်ကနေ ထုတ်လုပ်နိုင်တဲ့ အဆိပ်အတောက်ဖြစ်နိုင်ခြေရှိတဲ့ ပျူဘာရောလစ်အက်ဆစ်ကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ကြောင့် မတ် ၂၉ ရက်အထိ လူပေါင်း ၁၁၄ ဦး ဆေးရုံတင်ထားရပြီး ၅ ဦး သေဆုံးခဲ့တာပါ။
ကိုလက်စထရောအဆင့်ကို လျှော့ချပေးတဲ့ ဆေးတွေ သောက်အပြီး လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။
Source/Photo-Reuters