Home
မြန်မာသတင်း
တောင်ငူတက္ကသိုလ် ဝန်ထမ်းအိမ်ရာ မီးလောင်
DVB
·
April 1, 2024
TaungNgoo RestHousing Fire_04012024

ပဲခူးတိုင်း၊ တောင်ငူတက္ကသိုလ်ဝင်းထဲရှိ ဝန်ထမ်းအိမ်ရာ ဧပြီ ၁ ရက်က ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ရွှေမင်းဝင် ပရဟိတအသင်းထံက သိရပါတယ်။

တောင်ငူမြို့နယ် တောင်ငူတက္ကသိုလ်ဝင်းထဲရှိ ရှစ်ခန်းတွဲ ညောင်ကိုင်းယာယီဝန်ထမ်းအိမ်ရာ ဧပြီ ၁ ရက် မနက် ၉ နာရီကျော်က ဝါယာရှော့ခ်ဖြစ်တာကြောင့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

ရွှေမင်းဝင် ပရဟိတအသင်း တာဝန်ရှိသူတဦးက “မီးက ဝါယာရှော့ခ်ဖြစ်ပြီး လောင်သွားတာပါ။ ရှစ်ခန်းတွဲ လိုင်းခန်းတခုလုံး ကုန်သွားတယ်။ လူထိခိုက်မှု မရှိသလို မီးသတ်အဖွဲ့တွေလည်း ထိခိုက်မှုမရှိပါဘူး။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ တွက်နေတုန်းပါပဲ” လို့ ပြောပါတယ်။

မီးလောင်မှုကို တောင်ငူမြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့၊ ရွှေမင်းဝင် ပရဟိတအသင်း၊ ကရုဏာရှင် ပရဟိတအသင်း၊ နန်းတော်ဦး လူမှုကူညီရေးအသင်းနဲ့ တခြား ပရဟိတအသင်းတချို့က ကူညီပေးခဲ့ပါတယ်။

တောင်ငူမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ခေမာလမ်းမှာ ၂၀၂၂ ဇူလိုင် ၂၉ ရက်က မိုးကောင်းကင် စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013