ဆီးရီးယားနိုင်ငံအတွင်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ အာဇားဇ်မြို့က လူစည်ကားတဲ့ဈေးမှာ မတ် ၃၁ ရက် အစောပိုင်းက ကားဗုံးပေါက်ကွဲပြီးတဲ့နောက် အဆောက်အဦနဲ့ မော်တော်ကား အများအပြား ပျက်စီးခဲ့ပါတယ်။
မြို့တွင်းလမ်းမတွေပေါ်မှာ ဒဏ်ရာရသူတချို့ကို ကုသပေးနေတဲ့ အရေးပေါ် လူနာတင်ယာဉ်တွေနဲ့အတူ အဆောက်အအုံတွေရဲ့ ဘေးမှာ လူအုပ်ကြီးစုဝေးနေတာကို တွေ့ရပါတယ်။
ရုပ်သံဖိုင်ထဲက လမ်းအပြင်အဆင်၊ အဆောက်အအုံတွေ၊ တိုင်တွေနဲ့ ဆိုင်းဘုတ်တွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးအပြီး တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ မူရင်းဖိုင်ရဲ့ မက်တာဒေတာကနေ ဗုံးပေါက်တဲ့ရက်စွဲကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဆီးရီးယားသမ္မတ ဘတ်ရှား အယ်လ် အာဆဒ်ကို ဆန့်ကျင်တဲ့ တူရကီ ကျောထောက် နောက်ခံပြု ဆီးရီးယားသူပုန်အဖွဲ့တွေ အုပ်ချုပ်တဲ့ လူနေထူထပ်တဲ့ အာရပ်မြို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ကားဗုံးကွဲပြီးတဲ့နောက်ပိုင်း အတော်လေး တိတ်ဆိတ်ငြိမ်သက်နေခဲ့တာပါ။
ဆီးရီးယား အနောက်မြောက်ပိုင်း နယ်စပ်က အဓိကမြို့တွေက လူစည်ကားတဲ့ အရပ်သားနေရာတွေမှာ မကြာသေးမီနှစ်တွေအတွင်း ခဏခဏ ဗုံးတွေ ပေါက်ကွဲနေပါတယ်။
Source/Photo-Reuters