Home
နိုင်ငံတကာ
သက်တမ်း ၇၅ နှစ်ပြည့်တော့မည့် NATO အဖွဲ့
DVB
·
April 1, 2024
NATO_01042024

ဧပြီ ၄ ရက်နေ့ဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

ဒီအထိမ်းအမှတ်အဖြစ် ဆွီဒင်နဲ့ ဖင်လန်တို့ NATO အဖွဲ့ထဲ ပါလာတာဟာ ဆယ်စုနှစ်တွေအတွင်း မဟာမိတ်အဖွဲ့ထဲကို အထူးခြားဆုံး ပေါင်းစည်းမှု အမှတ်အသား ဖြစ်လာပါတယ်။

အခုဆောင်းရာသီမှာ သမ္မတရွေးကောက်ပွဲနဲ့လည်း တိုက်ဆိုင်နေလို့ NATO အဖွဲ့အတွင်း အမေရိကန်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း သိသိသာသာ ကွဲလွဲနေပါတယ်။

NATO အဖွဲ့ထဲမှာ အဖွဲ့ဝင် ၃၂ ဦးပါလာဖို့ တိုးချဲ့မှုဟာ မဟာမိတ်အဖွဲ့ကို ပိုအားကောင်းမလာအောင် တားဆီးထားတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ထိုးနှက်ချက်တရပ်အဖြစ် လူအများက ရှုမြင်ကြပါတယ်။

NATO ဟာ အာဖဂန်နစ္စတန်နဲ့ ဘော်လကန်တို့လို နယ်နိမိတ်ကျော်လွန်တဲ့ စစ်ဆင်ရေးတွေကို ဆယ်စုနှစ်များစွာကြာအောင် အာရုံစိုက်ခဲ့ပြီးတဲ့နောက် ရုရှားရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ NATO တပ်ဖွဲ့တွေ အသွင်ပြောင်းရေး အပါအဝင် ကိုယ်ပိုင်စိန်ခေါ်မှုတွေ ရှိနေတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

NATO ဟာ အာရှမှာ ဘယ်လိုပါဝင်သင့်တယ်ဆိုတဲ့ ကွဲလွဲမှုတွေကို စီမံခန့်ခွဲရမှာဖြစ်ပြီး အမေရိကန်က တရုတ်ကို တန်ပြန်ရာမှာ ပိုကောင်းတဲ့ အခန်းကဏ္ဍတခုရဖို့ အမေရိကန်က တွန်းအားပေးနေပြီး ပြင်သစ်လို တခြားနိုင်ငံတွေကလည်း NATO က မြောက်အတ္တလန္တိတ်ဧရိယာကို ဆက်အာရုံစိုက်ဖို့ တောင်းဆိုထားပါတယ်။

၁၈၁၄ ခုနှစ်ကတည်းက စစ်မဖြစ်ခဲ့တဲ့ ဆွီဒင်က NATO အဖွဲ့ဝင် ဖြစ်လာသလို ဖင်လန်နိုင်ငံက ၁၉၉၁ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် အရှေ့ပိုင်းဥရောပက အဖွဲ့ဝင်တွေကို သိမ်းယူခဲ့ချိန်ကစပြီး NATO ရဲ့ အထင်ရှားဆုံးသော မဟာမိတ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

၁၉၄၉ ခုနှစ် ဧပြီ ၄ ရက်က နိုင်ငံပေါင်း ၁၂ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြောက်အတ္တလန္တိတ် စစ်ရေးစာချုပ်ကို အမေရိကန်နိုင်ငံရဲ့မြို့တော် ဝါရှင်တန်ဒီစီက ဌာနဆိုင်ရာ အစည်းအဝေးခန်းမမှာ လက်မှတ်ရေးထိုးခဲ့ချိန်ကစပြီး NATO မဟာမိတ်အဖွဲ့ စတင်ပေါ်ပေါက်ခဲ့တာပါ။

NATO အဖွဲ့ကို စတင်တည်ထောင်တဲ့ နိုင်ငံတွေကတော့ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ အိုက်စလန်၊ အီတလီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နော်ဝေ၊ ပေါ်တူဂီ၊ ဗြိတိန်နဲ့ အမေရိကန်တို့ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013