Home
မြန်မာသတင်း
နွေဦးထီ ဖွင့်လှစ်၊ ကျပ်သန်း ၅၀၀ ဆု အပါအဝင် ဆုပေါင်း ၂၀၀၀၀ ကျော် ချီးမြှင့်
DVB
·
April 1, 2024
SpringLottery_01042024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ရောင်းချနေတဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ဖွင့်ပွဲကို မတ် ၃၁ ရက်ညပိုင်းမှာ ကျင်းပခဲ့ပြီး ဆုကြေးငွေကျပ်သန်း ၅၀၀ ဆုတဆုအပါအဝင် ဆုပေါင်း ၂၀၀၀၀ ကျော် ချီးမြှင့်ခဲ့ပါတယ်။

နွေဦးထီ ဝက်ဘ်ဆိုက်အသစ်ကနေ ဗားရှင်းအသစ်နဲ့ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဒီနွေဦးထီ ဖွင့်ပွဲမှာ တော့ ပထမဆု ကျပ်သန်း ၅၀၀ ကို 1 865 105 နံပါတ်က ဆွတ်ခူးရရှိခဲ့ကာ ဒုတိယဆု ကျပ်သန်း ၂၀၀၊ တတိယဆု ကျပ်သန်း ၁၀၀ နဲ့ အထူးဆု ကျပ်သန်း ၅၀ အပြင် ဂုဏ်ပြုဆုမဲတွေအဖြစ် ကျပ် သိန်း ၁၀၀၊ သိန်း ၅၀၊ သိန်း ၂၀ ဆုတွေနဲ့ ပျော်ရွှင်ဆုမဲတွေလည်း ချီးမြှင့်ခဲ့တာကို တွေ့ရပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီး ဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲ အဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက် ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက်ကြေညာထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အောင်ဘာလေ အွန်လိုင်းထီအဖြစ် ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး အမြင့်ဆုံးဆုက ကျပ်သိန်း ၅၀၀ သာဖြစ်ကာ စစ်တပ်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Mytel က နည်းပညာပိုင်း လုပ်ကိုင်ခွင့်ရထားတာ ဖြစ်ပါတယ်။

အဲဒီထီကိုတော့ စစ်တပ်ထောက်ခံသူ အများစုကသာ ဝယ်ယူကံစမ်းနေတာဖြစ်ပြီး ကျပ် သောင်းဂဏန်းဆုနဲ့ ကျပ် ၁ သိန်းဆုတွေသာ ပေါက်သူများပြီး ဆုကြီးပေါက်သူ မတွေ့ရတာနဲ့ ပတ်သက်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013