Home
သတင်းဓာတ်ပုံ
နွေဦးတော်လှန်ရေး အောင်မြင်ရေး ပူးပေါင်းကူညီရန် ပြင်သစ်ရောက် မြန်မာများကို ဒေါက်တာမီမီဝင်းဘတ် တိုက်တွန်း  
DVB
·
April 1, 2024
BirManeDe France Dr MieMieWingburg 3_01042024
BirManeDe France Dr MieMieWingburg 1_01042024
BirManeDe France Dr MieMieWingburg 2_01042024
BirManeDe France Dr MieMieWingburg 4_01042024

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တွန်းလှန်နိုင်ရေးနဲ့ နွေဦးတော်လှန်ရေးကို အမြန်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေအနေနဲ့ ပိုမိုပူးပေါင်းကူညီဆောင်ရွက်ကြဖို့ ပြင်သစ်နိုင်ငံရောက် မြန်မာအသိုက်အဝန်းကို ဒေါက်တာမီမီဝင်းဘတ်က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်စစ်တပ် အငြိမ်းစားဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်ဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာပြည်သူတွေနဲ့ ဒေသစံတော်ချိန် မတ်လ ၃၁ ရက်နေ့က တွေ့ဆုံရာမှာ တိုက်တွန်းခဲ့တာပါ။

ပဲရစ်မြို့ လူထုတွေ့ဆုံပွဲကို မြန်မာ့အရေးအတွက် စိတ်ဝင်စားတဲ့ ဒေသခံ ပြင်သစ်နိုင်ငံသားတွေလည်း တက်ရောက်ခဲ့ပြီး အနာဂတ်ဖက်ဒရယ်ရေးရာကိစ္စရပ်တွေ၊ စစ်မှုထမ်းဥပဒေနဲ့ မျက်မှောက်မြန်မာ့အရေးအခြေအနေတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါက်တာမီမီဝင်းဘတ်ဟာ ပြင်သစ်နိုင်ငံ အောက်လွှတ်တော်အမတ်၊ ပြင်သစ်-မြန်မာချစ်ကြည်ရေးအသင်း ဒုဥက္ကဋ္ဌ Anne GENETET နဲ့ တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာအကူအညီပေးရေး၊ နယ်စပ်ထွက်ပြေးဒုက္ခသည်တွေအရေး၊ အမျိုးသမီးအရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေအတွက် ဆွေးနွေးခဲ့ပါတယ်။

မတ် ၂၉ ရက်မှာတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာ Bureau Chief နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့ရေးရာ အခြေအနေတွေကို ဆွေးနွေးခဲ့ပါသေးတယ်။

ဒေါက်တာမီမီဝင်းဘတ်ဟာ အမေရိကန်တပ်မတော် ဒုတိယဗိုလ်မှူးကြီး တာဝန်ကနေ အငြိမ်းစားယူထားသူ ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ စိတ်ဓာတ်နဲ့ ဗျူဟာရေးရာတွေကို အကြံပေးနေသူ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့် ကြေညာချက်ဟာ စစ်ခေါင်းဆောင်တွေအတွက် ပိုဆိုးတဲ့ အခြေအနေတွေကိုပဲ ကြုံလာရဖို့ရှိတယ်လို့ သူက သုံးသပ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013