Home
နိုင်ငံတကာ
ပေါ့ပ်ဂီတဘုရင်မ အယ်လာပူကာချိုဗာကို နိုင်ငံခြားသူလျှိုအဖြစ် သတ်မှတ်ပေးရန် တောင်းဆို
DVB
·
March 31, 2024
Russia mulls labeling Pugacheva, queen of Soviet pop, a 'foreign agent'

ရုရှားအစိုးရရှေ့နေတွေက ဆိုဗီယက် ပေါ့ပ်ဂီတဘုရင်မ အယ်လာ ပူကာချိုဗာ ကို “နိုင်ငံခြားသူလျှို” အဖြစ် သတ်မှတ်ပေးဖို့ တရားရေးဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်။

ဒါဟာ ရုရှားနိုင်ငံရဲ့ အကျော်ကြားဆုံး အနုပညာကြယ်ပွင့်ကို သမ္မတ နန်းတော်ရဲ့ ရန်သူအဖြစ် တရားဝင် သတ်မှတ်ပေးမယ့် လှုပ်ရှားမှုတရပ် ဖြစ်ပါတယ်။ 

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ကို ဦးဆောင်ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ပုံမှန် ပါဝင်နေတဲ့ တက်ကြွလှုပ်ရှားသူ ဗစ်တာလီ ဘိုရိုဒင်က ပူဂါချိုဗာကို နိုင်ငံခြားသူလျှိုအဖြစ် အသိအမှတ်ပြုဖို့ တရားဝင်တောင်းဆိုချက် တင်သွင်းခဲ့ပြီး ဒီကိစ္စကို စဉ်းစားဖို့ တရားရေးဝန်ကြီးဌာနဆီ တောင်းဆိုထားတယ်လို့ အစိုးရရှေ့နေချုပ်ရုံးက စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

၁၉၈၂ တုန်းက ‘Million Scarlet Roses’ သီချင်း နဲ့ ၁၉၇၈ ခုနှစ်မှာ ‘The Woman who Sings’ သီချင်းတို့လို မျိုးဆက်ပေါင်းများစွာ ကျော်ကြားခဲ့တဲ့ ပူကာချိုဗာဟာ ယူကရိန်းစစ်ပွဲကို ရွံတယ်လို့ ထုတ်ပြောခဲ့တာပါ။

ယူကရိန်းစစ်ပွဲဟာ စိတ်ကူးယဉ်ဆန်ဆန် ရည်ရွယ်ချက်တွေအတွက် စစ်သားတွေကို သတ်ဖြတ်ခဲ့ပြီး သာမန်လူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ် ရုရှားကို အပယ်ခံအဖြစ် ပြောင်းလဲစေခဲ့တယ်လို့ သူက ၂၀၂၂ မှာ ပြောခဲ့ပါတယ်။

အခုလအစောပိုင်းမှာ အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ လက်ရှိမှာ နိုင်ငံခြားကို ရောက်နေပြီး ရုရှားနိုင်ငံဆီ သာမန်လူတစ်ယောက်ကမှ ပြန်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ရုရှား သမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ် ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်တွေကို မကြားရသေးဘူးလို့ ပြောပါတယ်။ ဆိုက်ပရပ်စ်မှာ ရှိမယ်လို့ ယူဆရတဲ့ ပူဂါချိုဗာက ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။

Source/Photo-Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013