Home
မြန်မာသတင်း
YDF တည်ထောင်ပြီး ၃ နှစ်ခန့်အတွင်း စစ်သားနှင့် ပျူစောထီး ၆၀၀ ကျော်ကို ရှင်းလင်းနိုင်
DVB
·
March 31, 2024
YDF_31032024
YDF1_31032024

မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် YDF ဟာ စတင် တည်ထောင်ချိန်ကနေ အခုအချိန်အထိ တိုက်ပွဲပေါင်း ၁၃၆ ပွဲ ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်ပေါင်း ၆၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ YDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ယောကာကွယ်ရေးတပ် YDF ကို ၂၀၂၁ ခုနှစ်၊ မေ ၁၂ ရက်နေ့မှာ ယောဒေသက လူငယ်တွေနဲ့ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။

YDF ဥက္ကဋ္ဌ ကိုမြတ်သူက “ပြည်သူလူထုတွေကို စည်းရုံးလှုံ့ဆော်တယ်။ လက်နက်ခဲယမ်းတွေ ရရှိဖို့ နယ်စပ်ဒေသတွေအထိ သွားရောက်ပြီး ကြိုးစားစွန့်စားမှုတွေ လုပ်ဆောင်ခဲ့ပြီးတော့မှ ၂၀၂၁ မေလ ၁၂ ရက်နေ့မှာ YDF ကို တည်ထောင်ခဲ့တာပါ။ ကျနော်တို့ ရဲဘော်တွေကို လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံအောင်  စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုရှိအောင် သင်ကြားပေးပါတယ်။ အမျိုးသားရေးခံယူချက်တွေရှိဖို့ရာ နိုင်ငံရေးလက်ချာတွေကိုလည်း ပေးပါတယ်” လို့ ပြောပါတယ်။

ယောကာကွယ်ရေးတပ် YDF ဟာ အခြေခံစစ်ပညာသင်တန်း၊ ဆေးသင်တန်းအပြင် တပ်ဖွဲ့ဝင်တွေအတွက် နိုင်ငံရေးသင်တန်းတွေကိုပါ ဖွင့်လှစ်သင်ကြားပေးနေပြီး သင်တန်း အပတ်စဉ် ၁၃ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီလို့လည်း သိရပါတယ်။

တပ်ဖွဲ့ကို စတင်တည်ထောင်ပြီးချိန်ကတည်းက ယောဒေသ နေရာအနှံ့အပြားမှာ စခန်းသိမ်း တိုက်ပွဲတွေကိုလည်း ဆင်နွှဲနိုင်ခဲ့တယ်လို့သိရပြီး ဒီနေ့အချိန်အထိ တိုက်ပွဲ ၁၃၆ ပွဲ ဖော်ဆောင်ခဲ့ရာမှာ စစ်သားနဲ့ ပျူစောထီး ၆၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ YDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုတော့ ယောဒေသကာကွယ်ရေးတပ် YDF ဟာ စစ်ရေးအရှိန်မြှင့်တင်ပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် ငွေကြေးနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေရှိနေလို့ မတ် ၁၀ ရက်နေ့ကနေ ဧပြီ ၁၀ ရက်နေ့အထိ ‘ယောမြို့ပါရီ’ ဆိုတဲ့ ကမ်ပိန်းပြုလုပ်နေပြီး ပြည်သူတွေ ပါဝင်ကူညီပေးဖို့လည်း တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ YDF ရဲဘော် ၂ ယောက်ကို မြောက်ခင်ရန်ရွာက ပျူစောထီးတွေက ဖမ်းဆီးမိခဲ့ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013