Home
အားကစား
အနာဂတ်တွင် ဘလွန်းဒီအောဆု ရရှိနိုင်သည့် ကစားသမားတွေကို မက်ဆီ ထုတ်ဖော်ပြောဆို
DVB
·
March 31, 2024
FILE PHOTO: FIFA World Cup Qatar 2022 - Final - Argentina v France

အနာဂတ်မှာ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု  ရရှိနိုင်တဲ့ ကစားသမားတွေကို အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ထုတ်ဖော်ခန့်မှန်း ပြောပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကို မက်ဆီက ၈ ကြိမ်အထိ စံချိန်တင်ရရှိ ထားသူပါ။

ပြင်သစ်မီဒီယာ L’Equipe နဲ့ အင်တာဗျူးမှာတော့ အနာဂတ်မှာ ဘလွန်းဒီအော အကောင်းဆုံးဆုရရှိနိုင်တဲ့ ကစားသမားတွေက ဟာလန်း၊ အမ်ဘာပေနဲ့ ဗင်နီဆီးယက်စ် တို့ဖြစ်ကြောင်း မက်ဆီက ပြောပါတယ်။

ဒါ့အပြင် တခြားကစားသမားသစ်တွေလည်း ထွက်ပေါ်လာနိုင်သေးပြီး ဘာစီလိုနာကြယ်ပွင့် လာမိန်းရာမယ်ဟာ ဆိုရင်လည်း အနာဂတ်မှာ ဘလွန်းဒီအောဆုရရှိနိုင်တဲ့ လူငယ်ကစားသမားတဦး ဖြစ်ကြောင်း မက်ဆီက ပြောပါတယ်။

လာမယ့်နှစ်တွေအတွင်းမှာ အလွန်ပြိုင်ဆိုင်မှု ပြင်းထန်ပြီး နှစ်သက်စရာကောင်းတဲ့ ခေတ်တခုကို ရောက်ရှိလာဦးမှာဖြစ်ပြီး ကစားသမားကောင်းတွေလည်း ထွက်ပေါ်လာဦးမှာဖြစ်ကြောင်း မက်ဆီက ပြောသွားပါတယ်။ 

Photo-REUTERS/Hannah Mckay

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013