မန်ယူအသင်းနည်းပြရာထူးအတွက် လက်ရှိ အသင်းနည်းပြ အဲရစ်တန်ဟတ်ဂ်နဲ့သာ သင့်တော် ကောင်းမွန်လိမ့်မယ်လို့ နောက်ခံလူဟောင်း နဗီးလ်က ပြောပါတယ်။
မန်ယူအသင်းတာဝန်ရှိသူတွေဟာ လာမယ့်ရာသီမှာ နည်းပြ တန်ဟတ်ဂ်နေရာမှာ တခြားနည်းပြ တဦးဦးနဲ့ အစားထိုးဖို့ စီစဉ်နေ ကြတာပါ။
အင်္ဂလန်နည်းပြဆောက်ဂိတ်၊ ဘရိုက်တန်နဲ့ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာ၊ ဝုဗ်နည်းပြ ဂယ်ရီအိုနေးလ် အစရှိတဲ့ နည်းပြတွေနဲ့ သတင်းထွက်နေပေမဲ့ အဲဒီနည်းပြတွေဟာ မန်ယူအသင်းနဲ့ သင့်တော်မယ့် သူတွေ မဟုတ်ကြောင်း နဗီးလ်က ပြောပါတယ်။
လီဗာပူးကနေ ထွက်ခွာမယ် နည်းပြ ကလော့ပ်ကိုသာ ခေါ်ယူလို့ရမယ်ဆိုရင် တမျိုးတဖုံ ပြောင်းလဲ နိုင်ပေမဲ့ လက်ရှိအခြေအနေ အရပ်အရပ်အရတော့ နည်းပြတန်ဟတ်ဂ်ကို သာ ဆက်လက် တာဝန် ပေးသင့်ကြောင်း နဗီးလ်က ပြောပါတယ်။
Photo-Reuters