Home
မြန်မာသတင်း
ရန်ကုန်၊ နေပြည်တော်နှင့် တောင်တွင်းကြီးက စစ်မှုထမ်းမည့်သူများကို လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်
DVB
·
March 29, 2024
SitHmuHtan06_29032024
SitHmuHtan05_29032024
SitHmuHtan04_29032024
SitHmuHtan03_29032024
SitHmuHtan02_29032024
SitHmuHtan01_29032024

ရန်ကုန်၊ နေပြည်တော်နဲ့ တောင်တွင်းကြီးတို့မှာ မတ် ၂၉ ရက် မနက်က ပထမအကြိမ် စစ်မှုထမ်းမယ့်သူတွေကို စစ်ကောင်စီက လေ့ကျင့်ရေးကျောင်းတွေကို ပို့ဆောင်ပေးတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်မှာ တောင်ဥက္ကလာပမြို့နယ် အခြေစိုက် အမှတ် ၄၃၆ ခြေမြန်တပ်ရင်းနဲ့ တိုက်ကြီး ဂျိုးဖြူအခြေစိုက် အမှတ် ၁ တန်းမြင့်သင်တန်းမှာ စစ်မှုထမ်းမယ့်သူတွေကို ကြိုဆိုပွဲလုပ်ခဲ့တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“လူဦးရေတော့ မသိဘူး၊ များတယ်၊ ကိုယ်တိုင်ဆန္ဒပြုတဲ့သူတွေ ရှိသလို စစ်တပ်နဲ့ ဆင့်စာနဲ့ခေါ်ပြီး စစ်မှုထမ်းခိုင်းတဲ့သူတွေလည်း ပါတယ်။”

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဒီနေ့မနက် အပတ်စဥ် ၁ စစ်မှုထမ်းမယ့်သူတွေကို စစ်တပ်က တွေ့ဆုံခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ အကြီးအကဲ တချို့လည်း လာရောက်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“တပ်ကလူကြီးတွေနဲ့ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်နဲ့ ​ဘူးလက်လှဆွေတို့ လာတယ်၊ စာရင်းသွင်းပြီးရင် သင်တန်းကျောင်းပို့မှာ။”

အလားတူ ဒီနေ့မနက်မှာလည်း မကွေးတိုင်းအတွင်းက စစ်မှုထမ်းရမယ့်သူတွေ တောင်တွင်းကြီးမြို့နယ် အမှတ်ခုနှစ် စစ်အခြေခံလေ့ကျင့်ရေးတပ်ကို သင်တန်းတက်ဖို့ ရောက်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ခေါင်းဆောင်က တလမှာ လူ ၅,၀၀၀ စစ်မှုထမ်းရမှာဖြစ်ပြီး ဒီကနေ့ သင်တန်းကျောင်းကို ရောက်ရှိလာတဲ့သူတွေဟာ အပတ်စဥ် ၁ သင်တန်းကို တက်ရောက်ရမှာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ၇၉ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားမှာ ပထမအကြိမ် စစ်မှုထမ်းသင်တန်းမှာ မိမိသဘောဆန္ဒနဲ့ ဝင်ရောက်လိုသူတွေ ပါတယ်လို့  စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ခေါင်းဆောင်က  လက်မှတ်ရေးထိုးပြီး အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013