Home
နိုင်ငံတကာ
CSW ဥက္ကဋ္ဌအဖြစ် ဆော်ဒီအာရေဗျ တင်မြှောက်ခံရ
DVB
·
March 29, 2024
UN 2932024

ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ဖြစ်တဲ့ အမျိုးသမီးများ အဆင့်အတန်းဆိုင်ရာ ကော်မရှင် (CSW) ရဲ့ ဥက္ကဋ္ဌအဖြစ် ဆော်ဒီအာရေဗျနိုင်ငံကို မတ် ၂၇ ရက်မှာ ကန့်ကွက်သူမရှိ ရွေးကောက်တင်မြှောက်ခံရပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှ အဗ္ဗဒူလ္လာဇစ် အလ်ဝါဆီလ်က CSW ရဲ့ ၆၉ ကြိမ်မြောက် အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။

သူ့ရဲ့ရာထူးလက်ခံ မိန့်ခွန်းထဲမှာ အယ်လ်ဝါဆီလ်က ကျားမတန်းတူညီမျှမှုကို မြှင့်တင်ဖို့ ကော်မရှင်အဖွဲ့ဝင်အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုလိုက်ပြီး ဆော်ဒီအာရေဗျဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးဖို့ ကတိပြုထားကြောင်း သူက အလေးပေးပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။

ဆော်ဒီအာရေးဗျဟာ အမျိုးသမီးအခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ခြင်းနဲ့ မြှင့်တင်ခြင်းတွေမှာ ဆိုးရွားညံ့ဖျင်းတဲ့ မှတ်တမ်းတွေရှိနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ရှဲရင်းန် တက်ဒရိုးစ်က အလေးပေး ပြောဆိုပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ အနေနဲ့ နိုင်ငံတကာ ကော်မရှင်တွေမှာ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို အာမခံရုံသာမက အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေကို မြင်သာထင်သာရှိတဲ့ ပြည်တွင်းလုပ်ဆောင်ချက်တွေနဲ့ ပြသရမယ်လို့လည်း အလေးထား ပြောကြားသွားပါတယ်။

CSW အဖွဲ့ကို ၁၉၄၆ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အမျိုးသမီးများ တိုးတက်မှုအတွက် ရည်ညွှန်းတဲ့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒချမှတ်ရေးအဖွဲ့ ဖြစ်ပါတယ်။

ကျား/မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုမြှင့်တင်ဖို့ နှစ်စဉ်အစည်းအဝေးတွေကို မတ်လမှာ ကျင်းပလေ့ရှိပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013