အယ်လ်ဆာဗေးဒိုးရေတပ်ဟာ သင်္ဘောနှစ်စင်းထဲမှာ တွေ့ရှိခဲ့တဲ့ ကိုကင်း ၁ ဒသမ ၄၈ မက်ထရစ်တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်တွေက မတ် ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စစ်ဆင်ရေးအတွင်း အီကွေဒေါနိုင်ငံသား ခြောက်ဦးနဲ့ ဂွါတီမာလာနိုင်ငံသား သုံးဦးတို့ကို ရေတပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
သင်္ဘောနှစ်စင်းက အီကွေဒေါနိုင်ငံ မန်တာမြို့ကနေ ထွက်ခွာခဲ့ပြီး ပင်လယ်ပြင်ထဲက သတ်မှတ်ထားတဲ့ နေရာတခုမှာ သူတို့က ဒီသင်္ဘောနှစ်စင်းကို စွန့်ပစ်ပြီးတော့ မူးယစ်ဆေးဝါးတွေကို တခြားလှေတစင်းဆီ ရွှေ့ပြောင်းခဲ့တယ်လို့ အယ်လ်ဆာဗေးဒိုး ကာကွယ်ရေးဝန်ကြီး ရီနီ ဖရန်စစ် မယ်ရီနိုက ပြောကြားခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ မက္ကဆီကိုနိုင်ငံထုတ် မူးယစ်ဆေးဝါးတွေ ၁,၄၈၀ ကီလိုဂရမ် (၁ ဒသမ ၄၈ မက်ထရစ်တန်) ဟာ ဒေါ်လာ ၃၇ သန်း တန်ဖိုးရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း မယ်ရီနို က ပြောပါတယ်။
Source/Photo-Reuters