ပါလက်စတိုင်းပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေ ရရှိစေဖို့ လိုအပ်ပြီး ထိရောက်တဲ့ လုပ်ဆောင်ချက်အားလုံး ဆောင်ရွက်ဖို့နဲ့ အငတ်ဘေးပျံ့နှံ့နေမှုကို ရပ်တန့်ဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က အစ္စရေးကို အမိန့်ချခဲ့ပါတယ်။
ဂါဇာကမ်းမြောင်မှာ အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး တောင်အာဖရိကနိုင်ငံက တရားလိုလုပ် စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး မတ် ၂၈ ရက်မှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂါဇာဒေသခံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့က အပစ်အခတ်ရပ်စဲမှ ဖြစ်မယ်လို့ ဂါဇာက ဟားမတ်စ်ခေါင်းဆောင်တွေက တုံ့ပြန်ပါတယ်။
ဂါဇာ အယ်လ်ရှီဖာ ဆေးရုံတဝိုက်မှာ အစ္စရေးနဲ့ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေ အနီးကပ်တိုက်ပွဲ ဖြစ်ပွားနေချိန်မှာ ICJ ရဲ့အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေဟာ အငတ်ဘေးဆိုက်ရောက်မယ့် အန္တရာယ် ရင်ဆိုင်နေရတာမျိုးမဟုတ်တော့ဘဲ အငတ်ဘေးဆိုက်နေတဲ့ အခြေအနေ ရောက်ရှိနေပြီလို့ ရုံးတော်က ရှုမြင်တဲ့အကြောင်း တရားသူကြီးတွေရဲ့ အမိန့်မှာ ပါရှိပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ချက်ချင်းအပစ်ရပ်ဖို့နဲ့ ဓားစာခံတွေလွှတ်ပေးဖို့ ဆုံးဖြတ်ချက် အတည်ဖြစ်သွားသလို အခုအခါမှာ ICJ ကပါ အမိန့်ချပြီး အစ္စရေးကို ဖိအားပေးလာတာ ဖြစ်ပါတယ်။
Source/Photo-Reuters