Home
နိုင်ငံတကာ
အာကာသတွင်း ကြယ်ကြီး ၁ ခုပေါက်ကွဲပြီး ထွက်လာသည့် အလင်းရောင်ကို သိပ္ပံပညာရှင်များ လေ့လာ
DVB
·
March 29, 2024
supernova world 2932024

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀ လောက်က ကမ္ဘာနဲ့ သိပ်မဝေးတဲ့ ကြယ်စုတန်း ဂလက်ဆီတခုမှာ ကြယ်ကြီးတခု ပေါက်ကွဲပြီး အာကာသထဲကို သက်ရှိအတုံးအခဲတွေကို ကိုယ်စားပြုတဲ့ ဒြပ်စင်တွေကို ထုတ်လွှတ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကနေ ထွက်လာတဲ့ အလင်းရောင်က ကမ္ဘာမြေဆီ လွန်ခဲ့တဲ့ တနှစ်လောက်က မတော်တဆ ရောက်လာတာကို အစ္စရေးနိုင်ငံက သိပ္ပံပညာရှင်အဖွဲ့တဖွဲ့က စောင့်ကြည့်လေ့လာခဲ့ပါတယ်။

စူပါနိုဗာလို့ လူသိများတဲ့ ကြယ်ပေါက်ကွဲမှုရဲ့ အစောဆုံးအဆင့်က အချက်အလက်တွေကို သူတို့က ပထမဆုံးအကြိမ် စုဆောင်းခဲ့ကြပါတယ်။

သူတို့ ပေါင်းစည်းပြထားတဲ့ပုံက လူသားတွေရဲ့ သွားတွေထဲက ကယ်လ်စီယမ်နဲ့ သွေးထဲက သံဓာတ်တို့လို အရေးကြီးတဲ့ ဒြပ်စင်တွေရဲ့ မူလဇာစ်မြစ်ကိုလည်း အသေးစိတ် ပြထားပါတယ်။

ဝိုက်ဇ်မဲန်း သိပ္ပံတက္ကသိုလ်က နက္ခတ္တဗေဒပညာရှင် အဗစ်ရှေဂယ်ယမ်က“ဒါဟာ ကြယ်ပတ်ပတ်လည်က လေထုကနေ ပထမဆုံးအကြိမ် လွတ်မြောက်လာတဲ့ အလင်းရောင်ပါ။ ဒီပေါက်ကွဲမှု စွမ်းအားတွေကို ကျနော်တို့ စောင့်ကြည့်ရမယ့် ပထမဆုံး အခွင့်အရေးပါပဲ” လို့ ရေဟိုဗော့ထ်မြို့က သူ့ဓာတ်ခွဲခန်းကနေ မတ် ၂၇ ရက်မှာ ပြောပါတယ်။

မက်ဆီယာ ၁၀၁ လို့ခေါ်တဲ့ အနီးနားက ဂလက်ဆီတခုက ဧရာမကြယ်ကြီးဟာ ပေါက်ကွဲပြီးတဲ့နောက် တွင်းနက်တခု ဖြစ်ကျန်ခဲ့ပုံရတယ်လို့ ဗုဒ္ဓဟူးနေ့က Nature ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ တွေ့ရှိချက်က ဆိုပါတယ်။

ဒီနဂါးငွေ့တန်းကို စောင့်ကြည့်နေတဲ့ အပျော်တမ်း နက္ခတ္တဗေဒ ပညာရှင်တဦးက တစုံတခု ဖြစ်ပုံပေါ်တဲ့အကြောင်း သုတေသီတွေကို သတင်းပေးခဲ့တာပါ။

သုတေသီတွေက မြေပြင်အခြေစိုက် အဝေးကြည့် မှန်ပြောင်းတွေကိုသုံးပြီး ကြယ်ကြီးကို အမြန်အာရုံစိုက်ခဲ့တာပါ။ ဒါကြောင့် ပေါက်ကွဲမှုရဲ့ အစောပိုင်းအဆင့်တွေကို စတင်မှတ်တမ်းတင်ခဲ့ပါတယ်။

ပါရဂူကျောင်းသားနဲ့ လေ့လာမှုဦးဆောင်စာရေးဆရာ အဲရက်စ် ဇင်မာမဲန်း ပါတဲ့အဖွဲ့ဟာ အမေရိကန် အမျိုးသားအာကာသသိပ္ပံ (NASA) ကို ဆက်သွယ်ခဲ့ပြီး သူတို့ရဲ့ အချိန်ဇယားကို ပြောင်းရင်း ဟာဘယ် အာကာသ အဝေးကြည့်မှန်ပြောင်းနဲ့ ကြယ်ပေါက်ကွဲမှုဖြစ်စဉ်ကို ချိန်ရွယ်စောင့်ကြည့်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024