တောင်အာဖရိကနိုင်ငံ မြောက်ပိုင်း လင်မ်ပိုးပိုးပြည်နယ်ရှိ မာမတ်-လာကလာ တောင်အနီးမှာ မတ် ၂၈ ရက်က ဘတ်စ်ကားတစီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၄၅ ဦး သေဆုံးပြီး တဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း တောင်အာဖရိက သယ်ယူပို့ဆောင်ရေးဌာနက ပြောပါတယ်။
ယာဉ်မောင်းဟာ ဘတ်စ်ကားကို ထိန်းမနိုင်သိမ်းမရဖြစ်ပြီး တံတားပေါ်ရှိ အတားအဆီးတွေကို တိုက်မိခဲ့ရာကနေ ဘတ်စ်ကားဟာ တံတားကိုကျော်ကာ မြောက်တက်သွားပြီးတော့ မြေပြင်ပေါ် ပြန်ကျချိန်မှာ မီးလောင်သွားတာဖြစ်ကြောင်း ဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။
အဲဒီ ခရီးသည်တင်ဘတ်စ်ကားဟာ အာဖရိကတောင်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ ဘော့ဆွာနာကနေ လင်မ်ပိုးပိုးပြည်နယ်ရှိ မိုရီယာမြို့ကို ပို့ဆောင်ပေးနေတာလို့ ဆိုပါတယ်။
တချို့ရုပ်အလောင်းတွေဟာ မမှတ်မိနိုင်လောက်အောင် လောင်ကျွမ်းသွားခဲ့ပြီး တချို့ရုပ်အလောင်းတွေကတော့ အပျက်အစီးတွေထဲမှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။
တချို့ရုပ်အလောင်းတွေက အခင်းဖြစ်ပွားရာနေရာမှာ ပြန့်ကျဲနေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြာသပတေးနေ့ ညနေနှောင်းပိုင်းအထိ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း လင်မ်ပိုးပိုးပြည်နယ်ရဲ့ သယ်ယူပို့ဆောင်ရေးဌာနက သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters