ဥရောပလွှတ်တော်နဲ့ ဥရောပအစိမ်းရောင်ပါတီတို့က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ထိုင်ဝမ်ကျွန်းရဲ့ မြို့တော်တိုင်ပေမြို့ကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်း ဒီမိုကရေစီရေး၊ နိုင်ငံတကာလုံခြုံရေးနဲ့ တင်းမာနေတဲ့ အခြေအနေတွေ အကြောင်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဆိုင်ရာ ဥရောပလွှတ်တော် ဆက်ဆံရေးကော်မတီကို ဦးဆောင်နေတဲ့ ဂျာမန်နိုင်ငံရေးသမား ရိန်းဟာ့ဒ်ဘူတီကိုဖာဟာ ဘယ်နိုင်ငံတွေဆိုတာကို မပြောဘဲ ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ “အာဏာရှင်စနစ်” ကို ဆန့်ကျင်သင့်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
လွှတ်တော်အမတ်တွေဟာ မတ် ၂၅ ရက်မှာ ထိုင်ဝမ်ကို ရောက်လာပြီး လေးရက်ကြာ ခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် အထက်လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီအကြီးအကဲတွေနဲ့ သမ္မတတို့ကို တွေ့ဆုံခဲ့ပါတယ်။
ထိုင်ဝမ်အစိုးရဟာ ဗာတီကန်ကလွဲလို့ ဘယ်ဥရောပနိုင်ငံနဲ့မှ သံတမန်ဆက်ဆံရေး မရှိထားပါဘူး။
Source/Photo - Reuters