Home
မြန်မာသတင်း
မြန်မာကတ်သလစ်သာသနာပိုင် ချားလ်စ်မောင်ဘို၏ ဇာတိရွာကို စစ်တပ်က ဒုတိယအကြိမ် မီးရှို့
DVB
·
March 29, 2024
pyin 2932024

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မြန်မာကတ်သလစ်သာသနာပိုင် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်မောင်ဘိုရဲ့ ဇာတိရွာဖြစ်တဲ့ မုံလှရွာက ပြည်သူလူထုနေအိမ်တွေအပါဝင် စာသင်ကျောင်းကို စစ်ကောင်စီတပ်က မတ် ၂၈ ရက် မနက် ၁၁ နာရီလောက်မှာ ဒုတိယအကြိမ် ထပ်မံ  မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လာရောက်မီးရှို့တဲ့ စစ်ကြောင်းဟာ ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာကနေ စစ်ကြောင်းစထိုးပြီး အခုလို ရွာနဲ့ စာသင်ကျောင်းကို အကြောင်းမဲ့ မီးရှို့ခဲ့တာလို့ ဒေသခံကာကွယ်ခေါင်းဆောင် တဦးက ပြောပါတယ်။

မုံလှရွာဟာ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ကျေးရွာတရွာလည်းဖြစ်ပြီး မြန်မာ ကတ်သလစ်ဂိုဏ်းချုပ်ရဲ့ ဇာတိရွာလည်းဖြစ်ပါတယ်။

မုံလှရွာကို မီးရှို့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာ ရှိခဲ့ပြီး နှစ်ဖက်ထိခိုက်အကျဆုံးကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

မုံလှရွာကို  ၂၀၂၂ နိုဝင်ဘာလတုန်းကလည်း   စစ်ကောင်စီတပ်က ပထမအကြိမ် မီးရှို့တာကြောင့် ပြည်သူနေအိမ် ၃၀ဝ နီးပါး မီးလောင်ဆုံးရှုံးခဲ့ ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013